Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး စိန်ပန်းရပ်က ဆောက်လက်စ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

“အရင်တခါက ဗုံးခွဲခံရပြီး မီးလောင်သွားလို့ ပြန်ဆောက်နေတဲ့ အဆောက်အအုံဆိုတော့ လူမထိဘူး၊အဆောက်အအုံနည်းနည်းလောက်ပဲပျက်စီးသွားတာ”လို့ စိန်ပန်းရပ်အနီးတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၊ သံလျှက်မှော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဆောက်လက်စ အုပ်ချုပ်ရေးမှူးရုံးမှား ဗုံးသုံးလုံးဆင့်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

“အရင်တခါက ဗုံးခွဲခံရပြီး မီးလောင်သွားလို့ ပြန်ဆောက်နေတဲ့ အဆောက်အအုံဆိုတော့ လူမထိဘူး၊အဆောက်အအုံနည်းနည်းလောက်ပဲပျက်စီးသွားတာ”လို့ စိန်ပန်းရပ်အနီးတွင်နေထိုင်သူတစ်ဦးကပြောပါတယ်။

သံလျှက်မှော်အနောက်ရပ်ကွက်ရုံးဟာ မကြာခဏဆိုသလို ဗုံးခွဲခံရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ စိန်ပန်းရပ်က ရပ်ကွက်အချို့ကိုပစ်မှတ်ထားပြီး မကြာခဏဆိုသလို အင်အားအလုံးနဲ့ ပိတ်ဆို့ မွှေနှောက်ပြီး ဖမ်းဆီးတာတွေလည်းပြုလုပ်တာရှိပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရပြီး မီးလောင်သွားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။