Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရတ် ဆေးရုံတစ်ခုမှာ Covid-19 လူနာဆောင် မီးလောင်ပြီး ၅၀ ကျော် သေဆုံး

မီးလောင်တဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် အောက်စီဂျင် ဓာတ်ငွေ့အိုးတွေ ပေါက်ကွဲရာက မီးကူးစက်မှုတွေ အစပြုခဲ့တယ်လို့ ကနဦး စစ်ဆေး တွေ့ရှိထားပါတယ်။

အီရတ်နိုင်ငံက ဆေးရုံတစ်ခုမှာ မီးလောင်မှုကြောင့် Covid-19 လူနာ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတောင်ပိုင်း၊ နာဆီရီယာမြို့က အယ်လ်ဟူစိန် ဆေးရုံထဲက Covid-19 သီးသန့် လူနာဆောင်မှာ ဇူလိုင် ၁၂ ရက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးလောင်တဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် အောက်စီဂျင် ဓာတ်ငွေ့အိုးတွေ ပေါက်ကွဲရာက မီးကူးစက်မှုတွေ အစပြုခဲ့တယ်လို့ ကနဦး စစ်ဆေး တွေ့ရှိထားပါတယ်။

ကုတင် ၇၀ ဆံ့တဲ့ ကုသဆောင်ထဲမှာ အခင်းဖြစ်ချိန်က လူနာ ၆၃ ဦးထက်မနည်း ရှိနေခဲ့တယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူ ၅၂ ဦးထက်မနည်း စာရင်း ရရှိထားပြီးပါပြီ။ ဒီဖြစ်ရပ်အပြီး ဆေးရုံနားမှာ ရဲတွေနဲ့ လူနာ မိသားစုဝင်တွေလည်း ပဋိပက္ခ ဖြစ်ခဲ့ပြီး ရဲကားနှစ်စီး မီးတင်ရှို့ခံခဲ့ရကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီ Covid-19 လူနာဆောင်ကို လွန်ခဲ့တဲ့ ၃ လကမှ ယာယီ ဆောက်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ အီရတ် ဝန်ကြီးချုပ် မူစတာဖာ အယ်လ် ကက်ဒ်ဟီမီက ဆေးရုံ အကြီးအကဲကို ဖမ်းဆီး ထိန်းသိမ်းဖို့ ညွှန်ကြားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် အယ်လ် ဟယ်လ်ဘူဆီကလည်း ညံ့ဖျင်း ပေါ့လျော့လွန်းတဲ့ စီမံကိုင်တွယ်မှုတွေကြောင့် အဖိုးတန် လူ့အသက်တွေ ဆုံးရှုံးလိုက်ရကြောင်း စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။ ကပ်ရောဂါ ဖိစီးလာတဲ့ ကာလမှာ ကမ္ဘာ့နိုင်ငံ တချို့က ဆေးရုံတွေ အခုလိုပဲ မီးလောင်တဲ့ သတင်းတွေ မကြာခဏ ကြားခဲ့ရပြီး ဖြစ်ပါတယ်။

အီရတ်မှာတော့ Covid-19 ဆေးရုံတစ်ခု ဆိုးဆိုးရွားရွား မီးလောင်တာ ဒုတိယ အကြိမ်ပါ။ ဧပြီလတုန်းက ဘဂ္ဂဒက် မြို့တော်က ဆေးရုံမှာ အောက်စီဂျင်အိုး ပေါက်ကွဲပြီး မီးလောင်ခဲ့ရာက လူပေါင်း ၈၂ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်ရပ်နဲ့ ဆက်စပ်လို့ ကျန်းမာရေး ဝန်ကြီး ဟာဆန် အယ်လ် တာမီမီက တာဝန်ယူပြီး ရာထူးက နုတ်ထွက်ခဲ့ရပါတယ်။

အီရတ် နိုင်ငံမှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၁.၄ သန်းကျော် ရှိခဲ့ပြီး သေဆုံးသူ ၁ သောင်း ၇ ထောင်ကျော်ထိ များပြားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။