Connect with us

Hi, what are you looking for?

News

ဖလမ်းသို့ ရိက္ခာပို့ရန်လာသည့် စစ်​ကောင်စီယာဥ်တန်း ကို CNDF တိုက်ခိုက်၊ ၁၀ဦးခန့် ​သေနိုင်ဟုဆို

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ၂၄ရက်က အကြမ်းဖက်စစ်ကောင်စီ၏ အစီး​ရေ ၃၀ပါယာဥ်တန်းသည် ရိက္ခာပို့ရန်တက်လာစဥ် ဖလမ်းမြို့ ထင်းရှူးစခန်းကျေးရွာ အနီး CNDF က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်သို့ ရိက္ခာပို့ရန် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦးခန့်ကျဆုံးကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ယနေ့ (ဖေဖော်ဝါရီ ၂၅)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ၂၄ရက်က အကြမ်းဖက်စစ်ကောင်စီ၏ အစီး​ရေ ၃၀ပါယာဥ်တန်းသည် ရိက္ခာပို့ရန်တက်လာစဥ် ဖလမ်းမြို့ ထင်းရှူးစခန်းကျေးရွာ အနီး CNDF က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ရဲဘော်များအထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း CNDFက အသိပေးသည်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) အကြမ်းဖက်စစ်ကောင်စီအတွက် ရိက္ခာပို့ပြီးအပြန် လမ်းကြောင်းလုံခြုံ ရေးယူပေးနေသော အကြမ်းစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာသုံးဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု CNDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။