Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလမ်းသို့ ရိက္ခာပို့ရန်လာသည့် စစ်​ကောင်စီယာဥ်တန်း ကို CNDF တိုက်ခိုက်၊ ၁၀ဦးခန့် ​သေနိုင်ဟုဆို

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ၂၄ရက်က အကြမ်းဖက်စစ်ကောင်စီ၏ အစီး​ရေ ၃၀ပါယာဥ်တန်းသည် ရိက္ခာပို့ရန်တက်လာစဥ် ဖလမ်းမြို့ ထင်းရှူးစခန်းကျေးရွာ အနီး CNDF က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်သို့ ရိက္ခာပို့ရန် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦးခန့်ကျဆုံးကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)က ယနေ့ (ဖေဖော်ဝါရီ ၂၅)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ၂၄ရက်က အကြမ်းဖက်စစ်ကောင်စီ၏ အစီး​ရေ ၃၀ပါယာဥ်တန်းသည် ရိက္ခာပို့ရန်တက်လာစဥ် ဖလမ်းမြို့ ထင်းရှူးစခန်းကျေးရွာ အနီး CNDF က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ရဲဘော်များအထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း CNDFက အသိပေးသည်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) အကြမ်းဖက်စစ်ကောင်စီအတွက် ရိက္ခာပို့ပြီးအပြန် လမ်းကြောင်းလုံခြုံ ရေးယူပေးနေသော အကြမ်းစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာသုံးဦးခန့် သေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု CNDF က ထုတ်ပြန်ထားသည်။