Connect with us

Hi, what are you looking for?

News

ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်းသေ

“လက်ရှိကျွန်တော်တို့ရဲ့ ​မြောက်ပိုင်း ဒေသအတွင်း စစ်ကောင်စီလှုပ်ရှားမှုနဲ့ စစ်ကြောင်းအင်အားသုံးတာတွေက အရမ်းများပါတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပါတယ်”ဟု TN PDF မှ ရဲဘော်တစ်ဦးကပြော သည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားတွင် စစ်ကောင်စီတပ်ကို တိုင်းရင်းငါးလက်နက်ကိုင်အဖွဲ့ နှင့် ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်းသေဆုံးကြောင်း သိန္နီမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TNPDF)က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၆)ညနေ ၅ နာရီခန့်တွင် ကုန်တင် ၁၂ ဘီးတွဲကားများဖြင့် ရှမ်းပြည်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့်တက်လာစဥ် ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား မန်လွယ်ရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လက်ရှိကျွန်တော်တို့ရဲ့ ​မြောက်ပိုင်း ဒေသအတွင်း စစ်ကောင်စီလှုပ်ရှားမှုနဲ့ စစ်ကြောင်းအင်အားသုံးတာတွေက အရမ်းများပါတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေပါတယ်”ဟု TN PDF မှ ရဲဘော်တစ်ဦးကပြော သည်။

ရှမ်းမြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာနေသော စစ်ကောင်စီတပ်များကို KIA ၊ MNDAA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၏ တပ်ရင်း၊ တပ်ခွဲများနှင့် ချိတ်ဆက်ပူးပေါင်းကာ တိုက်ပွဲပုံစံဖော်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ညဦးပိုင်းတွင် သိန္နီ -ကွတ်ခိုင် ကြားမန်ပြိန်းအနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အင်းအား ၃၀၀ ထက်မနည်း ဖြန့်ကျက်ကာ ကင်းပုန်းများချထားပြီး မြောက်ဘက်သို့ အဆက်မပြတ်စစ်ကြောင်းထိုးလျက်ရှိကြောင်း TN PDF က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook