Connect with us

Hi, what are you looking for?

News

မုံရွာနယ်ရှိ CDM ​ကျောင်းဆရာမ​နေအိမ်အား ဖျက်ဆီးရန် သတင်း​ပေးခဲ့​သော ပျူအဖွဲ့ဝင် ရှင်းလင်းခံရ

မုံရွာမြို့နယ်ရှိ CDM ကျောင်းဆရာမ ​နေအိမ်အား ဖျက်ဆီးရန် အကြမ်းဖက်စစ်ကောင်စီတပ်ကို သတင်း ပေးခဲ့သည့် ပျူစောထီးအဖွဲ့ဝင်ကို ရှင်းလင်းခဲ့သည်ဟု ချောင်းဦးတော်လှန် ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးသင်တန်းဆင်း ဇော်မိုးလွင်ကို ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၆နာရီက ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

“ပျူစောထီးများဒလန်များသွားရာလမ်းသို့ ဗိုလ်စ‌နေရှင်းလင်းရေးအဖွဲ့မှ ယမမင်းလက်ထံအပ်နှံခဲ့ပါသည်။ပျူစောထီးတို့ ဒလန်တို့ ဗိုလ်စနေ လက်ကလွတ်အောင်ပြေး မင့်တို့အတွက် ပြေးစရာမြေမရှိစေရ”ဟု ချောင်းဦးတော်လှန်ရေးအဖွဲ့က အသိပေးသည်။

ဖေဖော်ဝါရီ ၂၆ ရက်က နံနက်ပိုင်းက မုံရွာ-အမြင့်လမ်းသို့ ကားကြီးသုံးစီး အင်အား ၅၀ခန့်ဖြင့် ရောက်လာ​ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာမြို့ ထနောင်းတောမြောက်​ကျေးရွာမှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးခဲ့သည်။

နေအိမ်ဝင်းတွင် “လွတ်အောင် ပြေးထား”ဆိုသည့်ခြိမ်းခြောက်စာသားများအပြင် အခြားရိုင်းစိုင်းသည့် စာသားများကိုလည်းရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်များ အပြန် ညောင်ပင်ဇောက်ကျောက်ပေါက်လမ်း၌ ​ဒေသခံပြည်သူ့ကာကွယ်​ရေးညီနောင်မဟာမိတ်(၅)ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့​သေးသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၅ဦးခန့် မိုင်းများထိမှန်မှုရှိခဲ့ပြီးအသေအပျောက်စာရင်းကိုမူမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ