အဆိုပါ ပျူစောထီးသင်တန်းဆင်း ဇော်မိုးလွင်ကို ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၆နာရီက ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။
“ပျူစောထီးများဒလန်များသွားရာလမ်းသို့ ဗိုလ်စနေရှင်းလင်းရေးအဖွဲ့မှ ယမမင်းလက်ထံအပ်နှံခဲ့ပါသည်။ပျူစောထီးတို့ ဒလန်တို့ ဗိုလ်စနေ လက်ကလွတ်အောင်ပြေး မင့်တို့အတွက် ပြေးစရာမြေမရှိစေရ”ဟု ချောင်းဦးတော်လှန်ရေးအဖွဲ့က အသိပေးသည်။
ဖေဖော်ဝါရီ ၂၆ ရက်က နံနက်ပိုင်းက မုံရွာ-အမြင့်လမ်းသို့ ကားကြီးသုံးစီး အင်အား ၅၀ခန့်ဖြင့် ရောက်လာပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာမြို့ ထနောင်းတောမြောက်ကျေးရွာမှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး၏ နေအိမ်ကို ဝင်ရောက်ဖျက်ဆီးခဲ့သည်။
နေအိမ်ဝင်းတွင် “လွတ်အောင် ပြေးထား”ဆိုသည့်ခြိမ်းခြောက်စာသားများအပြင် အခြားရိုင်းစိုင်းသည့် စာသားများကိုလည်းရေးသားခဲ့သည်။

Public Service Announcement
အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်များ အပြန် ညောင်ပင်ဇောက်ကျောက်ပေါက်လမ်း၌ ဒေသခံပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ်(၅)ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၅ဦးခန့် မိုင်းများထိမှန်မှုရှိခဲ့ပြီးအသေအပျောက်စာရင်းကိုမူမသိရသေးပေ။


















































