Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၅ ရက်အတွင်း ရုရှားစစ်သား ၅၀၀၀ ကျော် သေခဲ့ကြောင်း ယူကရိန်း မီဒီယာတစ်ခု ဖော်ပြ

စစ်မြေပြင်မှာ ထိခိုက် ဆုံးရှုံးမှုတွေကို အတိအကျ စာရင်းကောက်ယူဖို့ ခက်ခဲလွန်းပေမယ့် ဒီကိန်းဂဏန်းတွေကတော့ လက်တွေ့နဲ့ အနီးစပ်ဆုံး ဖြစ်နိုင်အောင် ကြိုးစား အတည်ပြုထားတယ်လို့ Kyiv Independentက ဆိုပါတယ်။

ယူကရိန်းကို ကျူးကျော်လာတဲ့ စစ်ပွဲမှာ ရုရှား တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက် သေဆုံးခဲ့ပြီး ဖြစ်မယ်လို့ ယူကရိန်း သတင်းဌာန တစ်ခုက ခန့်မှန်း ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့တဲ့ စစ်ပွဲဟာ ၅ ရက်အကြာမှာ နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှု ၅၀၀၀ ကျော်စီလောက်ထိ များပြားခဲ့ပြီး ဖြစ်လိမ့်မယ်လို့ Kyiv Independent သတင်းဌာနက ဆိုပါတယ်။ ယူကရိန်းဖက်က သေဆုံးမှုတွေဟာ စစ်မှုထမ်းတွေ ကျဆုံးမှုရော၊ အရပ်သား ပြည်သူတွေ သေကြေမှုတွေကိုပါ ထည့်သွင်း တွက်ချက်ထားတာပါ။

စစ်မြေပြင်မှာ ထိခိုက် ဆုံးရှုံးမှုတွေကို အတိအကျ စာရင်းကောက်ယူဖို့ ခက်ခဲလွန်းပေမယ့် ဒီကိန်းဂဏန်းတွေကတော့ လက်တွေ့နဲ့ အနီးစပ်ဆုံး ဖြစ်နိုင်အောင် ကြိုးစား အတည်ပြုထားတယ်လို့ Kyiv Independentက ဆိုပါတယ်။

အဲဒီ သတင်းဌာနက Infographပုံတစ်ခု ထုတ်ပြန်ခဲ့ရာမှာ စစ်ပွဲစပြီး ၅ ရက်အတွင်း ရုရှား စစ်သည် ၅၃၀၀ လောက် သေဆုံးခဲ့သလို စစ်လေယာဉ် ၂၉ စီး၊ ရဟတ်ယာဉ် ၂၉ စီး၊ တင့်ကား ၁၉၁ စီး၊ လက်နက်ကြီး ၇၄ ခု၊ သံချပ်ကာယာဉ် ၈၀၀ ကျော်၊ BUK လေကြောင်း ကာကွယ်ရေး စနစ် ၁ ခု၊ ဆီတင်ကား ၆၀ အပါအဝင် စစ်လက်နက်တွေ အမြောက်အမြား ဆုံးရှုံးခဲ့ကြောင်း ရှင်းလင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း ကျန်းမာရေး ဝန်ကြီးဌာနက ရုရှားထိုးစစ်ကြောင့် အရပ်သားတွေ သေဆုံးမှု ၃၅၂ ဦးထက်မနည်း ရှိခဲ့ပြီး ကလေးငယ် ၁၄ ဦး ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် နောက်ထပ် အရပ်သား ၁၇၀၀ နီးပါးလောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂကတော့ ယူကရိန်း အရပ်သား ရာနဲ့ချီ သေဆုံးကြောင်း အတည်ပြုထားပြီး လက်တွေ့ မြေပြင် အခြေအနေအရ အသေအပျောက်ဟာ ဒီထက် အများကြီး ပိုနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လက်ရှိ ရထားတဲ့ တချို့ အသေအပျောက် ကိန်းဂဏန်းတွေက စိစစ် အတည်ပြုဖို့ လိုအပ်နေဆဲလို့လည်း ကုလသမဂ္ဂက ဆိုတယ်။

ရုရှား စစ်တပ်က ယူကရိန်း စစ်ပွဲမှာ အထိအခိုက် များနေကြောင်း အတည်ပြုပေမယ့် အရေအတွက် အတိအကျ ထုတ်ပြန်ဖို့တော့ ငြင်းဆိုထားပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် အီဂေါ် ကိုနာရှန်ကောဗ့်က စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ တပ်ဖွဲ့တွေမှာ ကျဆုံးမှု၊ ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ အတည်ပြုပေမယ့် ဘယ်လောက်ထိ များသလဲ ဆိုတာတော့ မပြောလိုဘူးလို့ မီဒီယာတွေဆီ အသိပေးခဲ့ပါတယ်။

စစ်ပွဲရဲ့ အစောပိုင်း ကာလတွေမှာ ယူကရိန်း တပ်တွေဟာ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေဆီက ရရှိထားတဲ့ ခေတ်မီ စစ်လက်နက်တွေနဲ့ အစွမ်းကုန် ခုခံခဲ့တာကြောင့် ရုရှားအတွက် အကြီးအကျယ် အခက်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါ ရုရှား စစ်တပ်ဟာ အင်အား ရှိသမျှရဲ့ လေးပုံသုံးပုံလောက်ကို ယူကရိန်းဆီ ပို့ဆောင်ပြီး မြို့ကြီးတွေကို သိမ်းယူဖို့ ပိုမို အားထုတ်လာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။