Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ဆို့ရေး၊ ICC လွှဲပြောင်းရေး၊ ICJ အမှုကို ကူညီရေးတို့ကို ဗြိတိန်အမတ်များ အဆိုတင်သွင်းတောင်းဆို

အကြမ်းဖက်မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ဆို့ဒဏ်ခတ်ရေးအတွက် ဗြိတိန်ပါလီမန်အမတ် ၅၆ ဦးက တောင်းဆိုထားသည်။

ဓာတ်ပုံ - PS

အကြမ်းဖက်မြန်မာစစ်တပ်ထံ လေယာဉ်ဆီ ရောက်ရှိမှု ရပ်တန့်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများလုပ်ဆောင်ရန် ဗြိတိန်အစိုးရကို တောင်းဆိုသည့် ‘Early Day Motion’ အဆိုကို ဗြိတိန်အမတ်များတောင်းဆိုလာခြင်းဖြစ်ပြီး အမတ် ၅၆ ဦးမှာ နိုင်ငံရေးပါတီ ၉ ခုမှ အမတ်များနှင့် တစ်သီး ပုဂ္ဂလအမတ်များ ပါဝင်သည်။

ယမန်နှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်မြန်မာစစ်တပ်သည် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများအသုံးပြုခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာရစေခြင်း၊ ထောင်ပေါင်းများစွာ အတင်းအကျပ်နေရပ်စွန့်ခွာစေခြင်းများကို တိုးမြှင့်လုပ်ဆောင်လုပ်ဆောင်ခဲ့ကာ ယင်းက လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ဖြစ်ပေါ်စေကြောင်း Burma Campaign UK က ထုတ်ပြန်သည်။

“မြန်မာစစ်တပ်က တိုင်းရင်းသားပြည်နယ်တွေမှာ အရပ်သားတွေအပေါ်အဆင်အခြင်မဲ့ ဗုံးကျဲမှု တွေကဆင့် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ လေယာဉ်ဆီဒဏ်ခတ် ပိတ်ဆို့တာက တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲတာတွေကို ရပ်တန့်ဖို့ အကူအညီဖြစ်စေမှာပါ”ဟု Early Day Motion အဆိုတင်သွင်းသူ ဗြိတိန်အမတ် Rushanara Ali က ပြောသည်။

အဆိုပါ Early Day Motion တွင် ဗြိတိန်အစိုးရအနေဖြင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်မှု ခုံရုံး(ICC)သို့လွှဲပြောင်းပေးရေးနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)အမှုတွင် ပါဝင်ရေး တို့ကို ကူညီထောက်ပံ့ရန် ဗြိတိန်အမတ်များက ထည့်သွင်းတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။