Connect with us

Hi, what are you looking for?

News

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း စက်သုံးဆီနှင့် ကုန်တင်ယာဉ်များ သတ်မှတ်ချိန်အတွင်း သွားလာနိုင်ကြောင်း ပူတာအို PDF အသိပေး

အဆိုပါလမ်း၌ PDFနှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာခဲ့၍ ဖေဖော်ဝါရီ ၂၈ရက်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီ လကုန်အထိ ပိတ်ထားခဲ့သည့် မြစ်ကြီးနား -ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းကို မတ်လ ၂ရက်မှစ၍ စက်သုံးဆီနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွာလာနိုင်ပြီဖြစ်ကြောင်း ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန် သည်။

အဆိုပါလမ်း၌ PDFနှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာခဲ့၍ ဖေဖော်ဝါရီ ၂၈ရက်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယခု သွားလာခွင့်ပြုရာတွင် စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကိုသာ ပြန်လည်ခွင့်ပြုခြင်းဖြစ်ပြီး ခရီးသည်များ တင်ဆောင်ခွင့်မပြုပေ။

ထို့ပြင် တားမြစ်ကုန်ပစ္စည်းများဖြစ်သည့် မြန်မာဘီယာအပါအဝင် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော ကုန်ပစ္စည်းများ၊ စစ်သားများ၊ စစ်လက်နက် ပစ္စည်းကိရိယာများ လုံး၀တင်ဆောင်ခွင့်မပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သွားလာရာတွင်လည်း ယခင်သတ်မှတ်ထားသည့် ကန့်သတ်ချိန်ဖြစ်သော နံနက် ၆နာရီမှ ညနေ ၅နာရီ အတွင်းသာ ဖြတ်သန်းသွားလာခွင့်ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။