Connect with us

Hi, what are you looking for?

LuduNwayOo

News

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း စက်သုံးဆီနှင့် ကုန်တင်ယာဉ်များ သတ်မှတ်ချိန်အတွင်း သွားလာနိုင်ကြောင်း ပူတာအို PDF အသိပေး

အဆိုပါလမ်း၌ PDFနှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာခဲ့၍ ဖေဖော်ဝါရီ ၂၈ရက်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီ လကုန်အထိ ပိတ်ထားခဲ့သည့် မြစ်ကြီးနား -ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်းကို မတ်လ ၂ရက်မှစ၍ စက်သုံးဆီနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွာလာနိုင်ပြီဖြစ်ကြောင်း ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန် သည်။

အဆိုပါလမ်း၌ PDFနှင့် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာခဲ့၍ ဖေဖော်ဝါရီ ၂၈ရက်အထိ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယခု သွားလာခွင့်ပြုရာတွင် စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကိုသာ ပြန်လည်ခွင့်ပြုခြင်းဖြစ်ပြီး ခရီးသည်များ တင်ဆောင်ခွင့်မပြုပေ။

ထို့ပြင် တားမြစ်ကုန်ပစ္စည်းများဖြစ်သည့် မြန်မာဘီယာအပါအဝင် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော ကုန်ပစ္စည်းများ၊ စစ်သားများ၊ စစ်လက်နက် ပစ္စည်းကိရိယာများ လုံး၀တင်ဆောင်ခွင့်မပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သွားလာရာတွင်လည်း ယခင်သတ်မှတ်ထားသည့် ကန့်သတ်ချိန်ဖြစ်သော နံနက် ၆နာရီမှ ညနေ ၅နာရီ အတွင်းသာ ဖြတ်သန်းသွားလာခွင့်ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။