Connect with us

Hi, what are you looking for?

News

တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်​ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးကို မိုးညှင်းမြို့ နန့်ပုတ်သုသာန်တွင် သဂြိုလ်၊ ကျန်တပ်ဖွဲ့ဝင်များကို တပ်အတွင်းမှာပင် မီးပုံရှို့

ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ငါးရက်ခန့်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်အတွင်းတပ်သားနည်း​နေ​သော်လည်း အရာရှိနှင့်တပ်သားကြား အဆင့်ခွဲခြားမှုကြီးမား​နေဆဲဖြစ်သည်။ ဓါတ်ပုံ-EPA)

မိုးညှင်း၊ အင်းတော်နှင့် ထီးချိုင့်ဒေသတွင် ယခုရက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့်အကြမ်းဖက်စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦးကို မိုးညှင်းမြို့ နန့်ပုတ်သုသာန်တွင် သင်္ဂြိုဟ်ပြီး ကျန်တပ်ဖွဲ့ဝင်များကို တပ်ထဲတွင် ပုံ၍မီးရှို့သဂြိုလ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။

“စစ်ခွေးဗိုလ်ကြီးအဆင့်တစ်ကောင်ကို နန့်ပုတ်သုသာန်မှာ လာသင်္ဂြိုဟ်သွားတယ်။ ကျန်တဲ့ခွေးဝဲစားတွေကတော့ တပ်ထဲမှာ ဖြစ်သလိုပုံပြီး မီးရှို့လိုက်တယ်လို့ ဖရဲသီးက သတင်းပို့လာပါတယ်”ဟု မိုးညှင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Monyin Revolutionက ယနေ့(မတ်လ ၈ရက်) ထုတ်ပြန်သည်။

ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ငါးရက်ခန့်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။

ထီးချိုင့် – အင်းတော်လမ်းတွင် စစ်ကောင်စီကားအစီးရေ ၃၀ မိုင်းထိခဲ့ပြီး စစ်​ကောင်စီတပ်သား၄၀ဦးထက်မနည်း ​​သေဆုံးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ထီးချိုင့်ဆေးရုံကို ဖွင့်၍ ဒဏ်ရာရသူများကို ဆေးကုသွားသည်ဟု ထီးချိုင့် အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” သေတဲ့သူတွေရော ဒဏ်ရာရသူတွေကိုပါ ကုန်တင်ကားပေါ် မိုးကာအုပ်သယ်လာတာ။ သေတဲ့သူလည်း မနည်းဘူး။ မိုင်းဆွဲခံရတဲ့ အနားက ရွာကိုလည်း စစ်ကောင်စီက မီးရှို့သွားတယ်”ဟု အထက်ပါ PDF က လူထု​နွေဦးသတင်းဌာနသို့​ ပြောသည်။

အထိနာနေသည့် စစ်ကောင်စီက အညိုးတကြီးတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိထား၍ ဒေသခံများ သတိပိုရှိကြရန် မိုးညှင်း၊ အင်းတော်နှင့် ထီးချိုင့် အခြေ စိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။

ထိုအပြင် မတ်လ ၇ ရက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ၊နန်းမားတွင် စစ်​ကောင်စီတပ်ယာဥ်တန်းကို ကချင်​ဒေသ PDFတပ်ဖွဲ့များ နှင့်KIA တပ်တို့ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ၂၀ ​ကျော်သေဆုံးခဲ့​ကြောင်း KPDF(နန်းမား)ကထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် နန်းမားPDF တပ်ဖွဲ့ဝင် ၇ဦးကျဆုံးခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်