Connect with us

Hi, what are you looking for?

LuduNwayOo

News

တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်​ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးကို မိုးညှင်းမြို့ နန့်ပုတ်သုသာန်တွင် သဂြိုလ်၊ ကျန်တပ်ဖွဲ့ဝင်များကို တပ်အတွင်းမှာပင် မီးပုံရှို့

ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ငါးရက်ခန့်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်အတွင်းတပ်သားနည်း​နေ​သော်လည်း အရာရှိနှင့်တပ်သားကြား အဆင့်ခွဲခြားမှုကြီးမား​နေဆဲဖြစ်သည်။ ဓါတ်ပုံ-EPA)

မိုးညှင်း၊ အင်းတော်နှင့် ထီးချိုင့်ဒေသတွင် ယခုရက်ပိုင်း ဖြစ်ပွားသော တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့်အကြမ်းဖက်စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦးကို မိုးညှင်းမြို့ နန့်ပုတ်သုသာန်တွင် သင်္ဂြိုဟ်ပြီး ကျန်တပ်ဖွဲ့ဝင်များကို တပ်ထဲတွင် ပုံ၍မီးရှို့သဂြိုလ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။

“စစ်ခွေးဗိုလ်ကြီးအဆင့်တစ်ကောင်ကို နန့်ပုတ်သုသာန်မှာ လာသင်္ဂြိုဟ်သွားတယ်။ ကျန်တဲ့ခွေးဝဲစားတွေကတော့ တပ်ထဲမှာ ဖြစ်သလိုပုံပြီး မီးရှို့လိုက်တယ်လို့ ဖရဲသီးက သတင်းပို့လာပါတယ်”ဟု မိုးညှင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Monyin Revolutionက ယနေ့(မတ်လ ၈ရက်) ထုတ်ပြန်သည်။

ဒေသချင်းဆက်စပ်နေသာ ကချင်ပြည်နယ် မိုးညှင်းမြို့၊ အင်းတော်မြို့နှင့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ငါးရက်ခန့်အတွင်း ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။

ထီးချိုင့် – အင်းတော်လမ်းတွင် စစ်ကောင်စီကားအစီးရေ ၃၀ မိုင်းထိခဲ့ပြီး စစ်​ကောင်စီတပ်သား၄၀ဦးထက်မနည်း ​​သေဆုံးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က ထီးချိုင့်ဆေးရုံကို ဖွင့်၍ ဒဏ်ရာရသူများကို ဆေးကုသွားသည်ဟု ထီးချိုင့် အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” သေတဲ့သူတွေရော ဒဏ်ရာရသူတွေကိုပါ ကုန်တင်ကားပေါ် မိုးကာအုပ်သယ်လာတာ။ သေတဲ့သူလည်း မနည်းဘူး။ မိုင်းဆွဲခံရတဲ့ အနားက ရွာကိုလည်း စစ်ကောင်စီက မီးရှို့သွားတယ်”ဟု အထက်ပါ PDF က လူထု​နွေဦးသတင်းဌာနသို့​ ပြောသည်။

အထိနာနေသည့် စစ်ကောင်စီက အညိုးတကြီးတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိထား၍ ဒေသခံများ သတိပိုရှိကြရန် မိုးညှင်း၊ အင်းတော်နှင့် ထီးချိုင့် အခြေ စိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။

ထိုအပြင် မတ်လ ၇ ရက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ၊နန်းမားတွင် စစ်​ကောင်စီတပ်ယာဥ်တန်းကို ကချင်​ဒေသ PDFတပ်ဖွဲ့များ နှင့်KIA တပ်တို့ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီတပ်မှ ၂၀ ​ကျော်သေဆုံးခဲ့​ကြောင်း KPDF(နန်းမား)ကထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် နန်းမားPDF တပ်ဖွဲ့ဝင် ၇ဦးကျဆုံးခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။