Connect with us

Hi, what are you looking for?

News

ကံကြီးကုန်းရွာတိုက်ပွဲ စစ်​ကောင်စီတပ်နှင့်ပျူ​စေားထီးအထိနာ

ကံကြီးကုန်းရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီအင်အား ၆၀ဦးခန့်ကို ချောင်းဦး၊ တောင်သာ၊မြောင် နှင့် မြင်းခြံမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယနေ့(မတ်လ ၉ရက်)နံနက်အ​စောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီး ၄၀ ဦးထက်မနည်း​သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းယ​နေ့ထုတ်ပြန်သည်။

ကံကြီးကုန်းရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီအင်အား ၆၀ဦးခန့်ကို ချောင်းဦး၊ တောင်သာ၊မြောင် နှင့် မြင်းခြံမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယနေ့(မတ်လ ၉ရက်)နံနက်အ​စောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စစ်ခွေးတွေဘက်က ၁၂ယောက်သေတယ်လို့ ပထမကြားတာ။ နောက်တိုးသတင်းအရ စစ်ခွေးနဲ့ ပျူစောထီး ၄၀လောက်သေတယ်။ ချက်ချင်း သဂြိုလ်တဲ့ သတင်းလည်း ရတယ်” ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးပြောသည်။

သို့​သော် စစ်​ကောင်စီတပ်နှင့် ပျူ​စေားထီးများ​သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

သုံးနာရီခန့်ကြာ​​သောတိုက်ပွဲတွင်MGN35ပြောက်ကျားတပ်ဖွဲ့ ၊Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ The Value of Young Men(တောင်သာ)၊ MRA(Myaung Revolution Army)အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု Chaung U Revolution ကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်နှင့်ပျူ​စေားထီးများအထိ့နာချိန်တွင် စစ်​ကောင်စီတပ်ဘက်မှ စစ်ကူများထပ်မံ​ရောက်လာ၍ PDF တပ်ဖွဲ့များက ပြန်ဆုတ်ခွာခဲ့ပြီး PDFများအထိ့အခိုက်မရှိခဲ့ဟုလည်းသိ့ရသည်။

ကံကြီးကုန်းရွာရှိ စခနှင့်ပျူခွေးများမှာ ပတ်ဝန်းကျင်အား ဒုက္ခပေးဖမ်းဆီးနှိပ်စက်ခြင်း၊ အနီးနားကျေးရွာရှိ ပစ္စည်းများကို အတင်းအဓမ္မ ဓားပြတိုက်ခြင်း၊PDFရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook