Connect with us

Hi, what are you looking for?

News

လှိုင်မှ Mytel တာဝါတိုင်ကို မြို့ပြ​ပျောက်ကျားနှစ်ဖွဲ့ ​ဖောက်ခွဲတိုက်ခိုက်

ဘူတာရုံလမ်းနှင့် ဘုရင့်​နောင်ကမ်းနားလမ်း​ထောင့်ရှိအမှတ် (၂ ) အထပ်သားစက်ရုံဝန်းအတွင်းရှိMytel တာဝါတိုင်နှင့်ဆက်စပ် ပစ္စည်းများအားYangon Federal Army နှင့် Civil Guerrilla Force -YGNတို့က ပူးပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

ရန်ကုန်မြို့ ၊လှိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး တစ်စိတ်တစ်ပိုင်းဖြစ်​သော Mytel တာဝါတိုင်ကို ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့နှစ်ခုက ယနေ့မနက် ၆နာရီခွဲက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဘူတာရုံလမ်းနှင့် ဘုရင့်​နောင်ကမ်းနားလမ်း​ထောင့်ရှိအမှတ် (၂ ) အထပ်သားစက်ရုံဝန်းအတွင်းရှိMytel တာဝါတိုင်နှင့်ဆက်စပ် ပစ္စည်းများအားYangon Federal Army နှင့် Civil Guerrilla Force -YGNတို့က ပူးပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

မိုင်းခွဲတိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများ စစ်ဆေးရန်ရောက်လာလျှင်တိုက်ခိုက်ရန်စီစဥ်ထား​သော်လည်း စည်ပင်ဝန်ထမ်းများနှင့်အရပ်သားများရှိ​နေသဖြင့် ၎င်းတို့ထိခိုက်မည်စိုးရိမ်သောကြောင့် ဖောက်ခွဲမူများ ဆက်မလုပ်ဘဲ ရပ်တန့်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“ပြည်သူတွေကိုမထိပါဘူးခင်ဗျ။ ပြည်သူများကြောင့် နောက်ဆက်တွဲ မိုင်းခွဲဖို့ ရပ်တန့်ခဲ့ရပါတယ်”ဟု YFA မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။ အလားတူ မိုင်းခွဲတိုက်ခိုက်မှုတွင်ပါဝင်​သော ရဲ​ဘော်များမှာလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

YFAသည် ၂၀၂၁ မေ ၃၀ ရက်မှ စတင်ပြီး ရန်ကုန်မြို့ကိုယ်စားပြုအဖွဲ့ဖြင့် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာတွင် ယခုအကြိမ်သည် ၃၁ ကြိမ်မြောက်
ဖြစ်သည်။

“ပြည်သူများအနေနဲ့ ယခင်ထဲက ရန်ကုန်UG တွေ အသိပေးထားခဲ့တဲ့ အကြမ်းဖက်စစ်ခွေးများ၏ အခြေစိုက်နေရာများ ရုံးများ စခန်းများ၏ ဝေရားမှာ သွားလာ နေထိုင်ဖို့ကို အထူး မေတ္တာရပ်ခံအပ်ပါတယ်။ထို့အတူ ရန်ကုန် UGများ၏ သတိပေးထားချက်များကို သတိထားလိုက်နာပေးဖို့ စကားပါးလိုပါတယ်” ဟု YFA၏တာဝန်ရှိသူကဆက်​ပြောသည်။

ယခုတိုက်ခိုက်မူများသည် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။