ရန်ကုန်မြို့ ၊လှိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး တစ်စိတ်တစ်ပိုင်းဖြစ်သော Mytel တာဝါတိုင်ကို ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့နှစ်ခုက ယနေ့မနက် ၆နာရီခွဲက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဘူတာရုံလမ်းနှင့် ဘုရင့်နောင်ကမ်းနားလမ်းထောင့်ရှိအမှတ် (၂ ) အထပ်သားစက်ရုံဝန်းအတွင်းရှိMytel တာဝါတိုင်နှင့်ဆက်စပ် ပစ္စည်းများအားYangon Federal Army နှင့် Civil Guerrilla Force -YGNတို့က ပူးပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်
မိုင်းခွဲတိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများ စစ်ဆေးရန်ရောက်လာလျှင်တိုက်ခိုက်ရန်စီစဥ်ထားသော်လည်း စည်ပင်ဝန်ထမ်းများနှင့်အရပ်သားများရှိနေသဖြင့် ၎င်းတို့ထိခိုက်မည်စိုးရိမ်သောကြောင့် ဖောက်ခွဲမူများ ဆက်မလုပ်ဘဲ ရပ်တန့်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ပြည်သူတွေကိုမထိပါဘူးခင်ဗျ။ ပြည်သူများကြောင့် နောက်ဆက်တွဲ မိုင်းခွဲဖို့ ရပ်တန့်ခဲ့ရပါတယ်”ဟု YFA မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အလားတူ မိုင်းခွဲတိုက်ခိုက်မှုတွင်ပါဝင်သော ရဲဘော်များမှာလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။
YFAသည် ၂၀၂၁ မေ ၃၀ ရက်မှ စတင်ပြီး ရန်ကုန်မြို့ကိုယ်စားပြုအဖွဲ့ဖြင့် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ခဲ့ရာတွင် ယခုအကြိမ်သည် ၃၁ ကြိမ်မြောက်
ဖြစ်သည်။
“ပြည်သူများအနေနဲ့ ယခင်ထဲက ရန်ကုန်UG တွေ အသိပေးထားခဲ့တဲ့ အကြမ်းဖက်စစ်ခွေးများ၏ အခြေစိုက်နေရာများ ရုံးများ စခန်းများ၏ ဝေရားမှာ သွားလာ နေထိုင်ဖို့ကို အထူး မေတ္တာရပ်ခံအပ်ပါတယ်။ထို့အတူ ရန်ကုန် UGများ၏ သတိပေးထားချက်များကို သတိထားလိုက်နာပေးဖို့ စကားပါးလိုပါတယ်” ဟု YFA၏တာဝန်ရှိသူကဆက်ပြောသည်။
ယခုတိုက်ခိုက်မူများသည် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုသိရသည်။
