Connect with us

Hi, what are you looking for?

News

မြေနီကုန်းတံတားဆေးရေးပန်းချီ အကြမ်းဖက်စစ်​ကောင်စီဖျက်ဆီးမှု ပြင်သစ်သံရုံးရှုတ်ချ

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အနုပညာ ထုတ် ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် ပြင်သစ်သံရုံးက တောင်းဆိုလိုက်သည်”ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ဓာတ်ပုံ - CJ

မြေနီကုန်းခုံးကျော်တံတား နံရံဆေးရေးပန်းချီများအား အကြမ်းဖက်စစ်​ကောင်စီက ဖျက်ဆီးလိုက်ခြင်းကို ရှုတ်ချကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

ဓာတ်ပုံ – CJ

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးသည် မြေနီကုန်းနံရံဆေးရေးပန်းချီများကို ၂၀၁၆ တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော ‘မင်္ဂလာယဉ်ကျေးမှုပွဲတော်’ တစိတ်တပိုင်းအဖြစ် ရေးဆွဲခဲ့ပြီး ယင်းပန်းချီများကို စစ်တပ်ကခန့်အပ်ထားသော အုပ်ချုပ်ရေးတာဝန်ရှိသူများက တမင်တကာ ဖျက်ဆီးပစ်လိုက်ခြင်းအား သံရုံးက အံ့ဩစွာသိရှိရကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – CJ

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အနုပညာ ထုတ် ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် ပြင်သစ်သံရုံးက တောင်းဆိုလိုက်သည်”ဟု ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် မြေနီကုန်းခုံကျော်တံတားနံရံတွင် ရေးဆွဲထားသာ ပန်းချီဖန်တီးမှုကို ထုံးသုတ်ဖျက် ဆီးခဲ့ပြီး ယင်းလုပ်ရပ်ကို မြို့ခံပြည်သူများကလည်း ရှုတ်ချခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။