Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ခင်ရန်းရွာသားများ အကူအညီတောင်း၍ ပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာပို့ဆောင်ခဲ့ဟု ဂန့်ဂေါ PDF ​ပြော

ထိတွေ့မှုအတွင်း ပြည်သူတို့၏ လုံခြုံရေးကိုအဓိကထားကာကွယ်ပေးခဲ့ပြီး ဖိနှိပ်ခံနေရသည့် ​​ဒေသခံပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်ရာသို့ ဟံသာဝတီရွာမှ စစ်ကောင်စီ၏ တပ်၊ ရဲနှင့် ပျူစောထီးများက စစ်ကူလာရောက်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(ဂန့်​ဂေါ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️မြောက်ခင်ရန်းရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီအား တိုက်ခိုက်ခဲ့၊ တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံး

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ပြည်သူလူထုများ၏ အကူအညီတောင်းခံမှုကြောင့် အဆိုပါကျေးရွာမှ ပြည်သူ ၄၀၀ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ဖက်ဆစ်စစ်တပ်နှင့်ပေါင်းကာ ဂန့်ဂေါမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအားရက်စက်စွာ သတ်ဖြတ်ခြင်း ၊နေအိမ်များအားမီးရှို့ခြင်း၊ မတရားဖမ်းဆီး နှိပ်စက် ခြင်း၊ ကျေးရွာ အတွင်းရှိပြည်သူများကို ပျူစောထီးသင်တန်းများအားအတင်းအဓမ္မတက်ခိုင်းခြင်း၊ ကင်းစောင့်ခိုင်းခြင်း၊ မတရားဖိနှိပ်ခြင်းများကြောင့်ယင်းကျေးရွာအတွင်းရှိပြည်သူများမှ အကူအညီ တောင်းခံလာ၍ ဂန့်ဂေါ PDFနှင့် မဟာမိတ် တော်လှန်ရေး အဖွဲ့တို့ ပူးပေါင်းပြီး မြောက်ခင်ရန်းရွာကို မတ်လ ၁၈ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိတွေ့မှုအတွင်း ပြည်သူတို့၏ လုံခြုံရေးကိုအဓိကထားကာကွယ်ပေးခဲ့ပြီး ဖိနှိပ်ခံနေရသည့် ​​ဒေသခံပြည်သူ ၄၀၀ခန့်ကို ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း၊ ထိတွေ့မှု ဖြစ်ရာသို့ ဟံသာဝတီရွာမှ စစ်ကောင်စီ၏ တပ်၊ ရဲနှင့် ပျူစောထီးများက စစ်ကူလာရောက်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များ သည် မြောက်ခင်ရန်းရွာမှ ကယ်ထုတ်သွားသည့် ပြည်သူလူထုများနေအိမ်ကို မီးရှို့ဖျက်ဆီးနေကြောင်းလည်း ဂန့်ဂေါ PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။