Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းသည့်ကြားကာလတွင် အလုပ်သမားရေးရာနစ်နာမှုများ အတွက် တိုင်ကြားမှုယန္တရား NUG ဖော်ဆောင်မည်

ထို့အပြင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တို့အား NUG က မှတ်တမ်းတင်ထားရှိကာ နိုင်ငံတော်တာဝန်များရယူချိန်တွင် ထိုက်တန်သည့် ဂုဏ်ပြုမှုများ ဆောင်ရွက် သွားမည်ဟု အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်သည်။

(ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံအလုပ်သမားအင်အား ၂၀၀၀ခန့်မှာ အလုပ်သမား သပိတ်စစ်ကြောင်းအဖြစ် ၂၀၂၁ ဖေဖော်ဝါရီ၉ရက်က ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်အာဏာသိမ်းယူထားသည့် ကြားကာလတွင် အလုပ်သမားရေးရာ နစ်နာမှု အချက်အလက် ကောက်ယူရေးနှင့် တိုင်ကြားမှုယန္တရားကို အကောင်အထည် ဖော်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

စစ်အာဏာရှင်လက်အောက်တွင် ထိခိုက်နစ်နာဆုံးရှုံးနေသော အလုပ်ရှင်၊ အလုပ်သမားတို့၏ ဥပဒေပါ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များရရှိရန်၊ အလုပ်သမားရေးပြဿနာများနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးနိုင်ရေး အတွက် ခိုင်မာအားကောင်းသည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး တည်ဆောက်နိုင်ရန်နှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရန် ရည်ရွယ်လုပ် ဆောင်ခြင်း ဖြစ်ကြောင်း NUG ကဆိုသည်။

အဆိုပါ တိုင်ကြားမှုယန္တရားလည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရှင်များ၊ အလုပ်ရှင် အဖွဲ့ အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားရေးရာ ဆောင်ရွက်နေသူများ က ပူးပေါင်းပါဝင်ကြရန် NUGက မေတ္တာရပ်ခံထားသည်။

ထို့အပြင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တို့အား NUG က မှတ်တမ်းတင်ထားရှိကာ နိုင်ငံတော်တာဝန်များရယူချိန်တွင် ထိုက်တန်သည့် ဂုဏ်ပြုမှုများ ဆောင်ရွက် သွားမည်ဟု အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook