Connect with us

Hi, what are you looking for?

News

ပွင့်ဖြူတွင် PDF ပူးပေါင်းတပ်တိုက်ခိုက်၍ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်မှ သုံးဦး​သေ

ပြည်သူများအနေဖြင့် စစ်ကောင်စီယန္တရားနှင့် သက်နိုင်သမျှ ဝေးဝေးနေကြရန်နှင့် စစ်ကား၊ ရဲကားများနှင့် ကပ်မလိုက်ရန် ပွင့်ဖြူ PDFက အသိပေးထား သည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းအဖွဲ့က တိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ပွင့်ဖြူဒေသခံတစ်ဦးက ပြောသည်။

“ညတုန်းက ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ လောက် ဖြစ်တယ်။ ဖြစ်စဉ်က ည ၁၀နာရီဝန်းကျင်မှာ လှည့်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပွင့်ဖြူ PDFနဲ့ပေါ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ပေါ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်။ သူတို့ ကင်းလှည့်တာသိလို့ ဒီအဖွဲ့တွေက အသံမိုင်းပေးပြီး ခေါ်လိုက်တာ။ ဒီအသံကြားလို့လာတဲ့ အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး သူတို့ဘက်က သုံးယောက် ကျဆုံးသွားတယ်။ ဒဏ်ရာရသူတွေလည်းရှိမှာပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပွင့်ဖြူ PDFက လည်းသတင်းထုတ်ပြန်ခဲ့ရာ ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်နှင့် မကြီးစုကျေးရွာ တစ်ဝိုက်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက် ခံ စစ်သားနှင့် ရဲများကို ပွင့်ဖြူ PDFနှင့် အနောက်ပိုင်းတိုင်း မြေအောက်စစ်ဆင်ရေး စစ်ကြောင်း -၃တို့ ပူးပေါင်း၍ မတ်လ ၁၈ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသုံးဦး သေဆုံးခဲ့သည်ဟု ဖော်ပြ သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီယန္တရားနှင့် သက်နိုင်သမျှ ဝေးဝေးနေကြရန်နှင့် စစ်ကား၊ ရဲကားများနှင့် ကပ်မလိုက်ရန် ပွင့်ဖြူ PDFက အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ