Connect with us

Hi, what are you looking for?

News

ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။

(ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအား ​တွေ့ရစဥ်)

▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ​ပြော

ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။

“အစ်ကိုတို့ အနေနဲ့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေအိမ် ခွင့်ပြန်ဖို့တောင် ခွင့်ရခဲ့ရင် ပြန်လို့မရတော့တဲ့ အနေအထားမျိုးလေ။ ပြည်သူရဲ့ နာကြည်းမုန်းတီးမှုတွေပေါ့။ အစ်ကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ။ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အစ်ကိုတို့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင်စစ်သားပေါ့။ စစ်သားဘ၀တုန်းက သူပုန်နဲ့ တိုက်နေရတဲ့အနေအထားမျိုးမဟုတ်တော့ဘူး။ ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ အရင်ကတော့ စစ်သား။ အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ပါက သေလျှင်လည်း ပြည်သူ့ကျိန်စာတိုက်ခြင်းကို ခံရမည်ဖြစ်ပြီး ယခု ပြည်သူလူထုဘက်ကူးပြောင်းလာခြင်းကြောင့် ပြည်သူ့မေတ္တာရရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်သူက ပို့သတဲ့မေတ္တာတွေ ၊ ပြည်သူရဲ့ မေတ္တာကိုခံစားရပြီ။ ပြည်သူက ဘာပဲဖြစ်ဖြစ် ပြည်သူဘက်မှာ ပူးပေါင်းပါဝင်လာတာဖြစ်တဲ့အတွက် ပြည်သူကတော့ စိတ်အား တက်ကြွမှုရှိတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

အာဏာသိမ်းလိုက်ခြင်း၏အကျိုးဆက်ကြောင့် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင် နေသူတိုင်းသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတရပ်လုံး၏ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး ပြည်သူလူထု၏ ရန်သူဖြစ်နေကာ ဆွေမျိုး၊ မိသားစုဝင်များအပါအဝင် အသက်အန္တရာယ်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်နေရကြောင်း အထက်ပါ CDM တပ်ရင်းမှူးက ပြောသည်။

လက်ရှိအချိန်သည် စစ်ကောင်စီလက်အောက် ဆက် လက်ရပ်တည်မည်လား၊ ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး ပြည်သူဘက်ရပ်တည်မည်ဆိုပါက နွေးထွေးသည် ခံစားမှုကို ပေးမည့် ပြည်သူများ၊ လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းက သတင်းစကားပါးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။