Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။

(ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအား ​တွေ့ရစဥ်)

▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ​ပြော

ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။

“အစ်ကိုတို့ အနေနဲ့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေအိမ် ခွင့်ပြန်ဖို့တောင် ခွင့်ရခဲ့ရင် ပြန်လို့မရတော့တဲ့ အနေအထားမျိုးလေ။ ပြည်သူရဲ့ နာကြည်းမုန်းတီးမှုတွေပေါ့။ အစ်ကိုတို့ကို စစ်ခွေးလို့ခေါ်နေတာတွေ။ လက်ရှိအနေအထားမှာ ပြည်သူတွေနဲ့ အစ်ကိုတို့ စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အရင်စစ်သားပေါ့။ စစ်သားဘ၀တုန်းက သူပုန်နဲ့ တိုက်နေရတဲ့အနေအထားမျိုးမဟုတ်တော့ဘူး။ ပြည်သူနဲ့ ပြန်တိုက်ပြီးတော့ အရင်ကတော့ စစ်သား။ အခု သူပုန်ဖြစ်နေတဲ့ အနေအထားမျိုးတွေပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ပါက သေလျှင်လည်း ပြည်သူ့ကျိန်စာတိုက်ခြင်းကို ခံရမည်ဖြစ်ပြီး ယခု ပြည်သူလူထုဘက်ကူးပြောင်းလာခြင်းကြောင့် ပြည်သူ့မေတ္တာရရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်သူက ပို့သတဲ့မေတ္တာတွေ ၊ ပြည်သူရဲ့ မေတ္တာကိုခံစားရပြီ။ ပြည်သူက ဘာပဲဖြစ်ဖြစ် ပြည်သူဘက်မှာ ပူးပေါင်းပါဝင်လာတာဖြစ်တဲ့အတွက် ပြည်သူကတော့ စိတ်အား တက်ကြွမှုရှိတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

အာဏာသိမ်းလိုက်ခြင်း၏အကျိုးဆက်ကြောင့် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင် နေသူတိုင်းသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူတရပ်လုံး၏ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရပြီး ပြည်သူလူထု၏ ရန်သူဖြစ်နေကာ ဆွေမျိုး၊ မိသားစုဝင်များအပါအဝင် အသက်အန္တရာယ်ကို နေ့စဉ်နှင့်အမျှ စိုးရိမ်နေရကြောင်း အထက်ပါ CDM တပ်ရင်းမှူးက ပြောသည်။

လက်ရှိအချိန်သည် စစ်ကောင်စီလက်အောက် ဆက် လက်ရပ်တည်မည်လား၊ ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး ပြည်သူဘက်ရပ်တည်မည်ဆိုပါက နွေးထွေးသည် ခံစားမှုကို ပေးမည့် ပြည်သူများ၊ လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းက သတင်းစကားပါးသည်။

ဆက်စပ်သတင်းများ

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။