Connect with us

Hi, what are you looking for?

News

မန္တလေးမှာအရက်ဘားဆိုင် အသံဗုံးနဲ့ဖောက်ခွဲသတိပေးခံရ

ဆိုင်ရဲ့အပြင်ပိုင်း ဆိုင်ကယ်တွေ ရပ်ထားတဲ့နေရာ နားမှာ ဖောက်ခွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

People's Spring
People's Spring

မန္တလေး ၊အောင်မြေသာစံမြို့နယ် အတွင်းက အရက်ဘားဆိုင်တစ်ဆိုင်ကို အသံဗုံး နှစ်လုံးဖောက်ခွဲကာ သတိပေးလိုက်တယ်လို့ မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Generation Z Power -GZP ကထုတ်ပြန်လာပါတယ်။

အသံဗုံးဖောက်ခွဲတာကိုမတ် ၁၉ ရက် ညပိုင်းကလုပ်ခဲ့တာပါ။

ဆိုင်ရဲ့အပြင်ပိုင်း ဆိုင်ကယ်တွေ ရပ်ထားတဲ့နေရာ နားမှာ ဖောက်ခွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန္တလေး ၊ လမ်း၆၀မှာရှိတဲ့ Starry Barဆိုင်ရှေ့ဗုံးပစ်ခံရပြီး ကားငါးစီးခန့် ပျက်စီးသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုနဲ့ဆက်နွယ်တဲ့ အရက်ဘား၊ကေတီဗွီ၊ ကလပ်တွေနဲ့ လောင်းကစားဝိုင်းတွေကို မန္တလေး မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်မယ်လို့ သတိပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။