Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်တွင် ပျူလင်မယားနှစ်ဦးအသတ်ခံရဟုဆို

မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က ပုသိမ်-မုံရွာလမ်းပေါ်တွင် ဒီးဒုတ်ကွင်းရွာနေ လင်မယားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါလင်မယားနှစ်ဦးမှာ ပျူစောထီးအဖွဲ့ဝင်များဟု လူသိများနေသူများဖြစ်ကြောင်းဒေသခံများကပြောသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းကာ ပြည်သူကိုခြိမ်းခြောက်နှိပ်စက်မှုများပြုလုပ်နေသည့် ပျူစောထီးအဖွဲ့မှ လင်မယားနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က ပုသိမ်-မုံရွာလမ်းပေါ်တွင် ဒီးဒုတ်ကွင်းရွာနေ လင်မယားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါလင်မယားနှစ်ဦးမှာ ပျူစောထီးအဖွဲ့ဝင်များဟု လူသိများနေသူများဖြစ်ကြောင်းဒေသခံများကပြောသည်။

အဆိုပါပျူစောထီးလင်မယား ရှင်းလင်းခံရခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးလျက်ရှိသော ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးအဖွဲ့ဝင်များဖြစ်သော လင်မယားနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့သည်ဟု ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(S.P.P.D.F) အမှတ်၂ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ပေါက်မြို့နယ်အတွင်းရှိ စကစ၏ သတင်းပေးဒလန်များ၊ ပျူစောထီးများအနေဖြင့် မိမိတို့၏ လက်ရှိလုပ်ရပ်များကို ရပ်တန့်ကာ ပြည်သူလူထုနှင့်တသားတည်းရပ်တည်ကြရန် အထူးအလေးအနက်ထားကာ တိုက်တွန်းလိုက်ကြောင်းပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(S.P.P.D.F)ကသ
တိပေးသည်။

Public Service Announcement

Public Service Announcement

“သူတို့က ဒီးဒုတ်ကွင်းရွာက ပျူတွေဗျ။ ပေါက်မြို့နယ်က ပုသိမ်- မုံရွာလမ်းပေါ်မှာဆိုပြည်သူတွေကို နှိပ်စက်တာတွေ၊ ငွေ ညှစ်တာတွေမကြာခဏ လုပ်တယ်ဗျ။ စခတွေရဲ့ စစ်ကြောင်းတွေနဲ့ပေါင်းပြီးလဲပြည်သူတွေကိုဒုက္ခပေးနေကျဗျ။” ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(S.P.P.D.F) မှ တာဝန်ရှိသူက ပြောသည်။

ပေါက်မြို့နယ်သည် မကွေးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များမကြာခဏခံခဲ့ရသည့်နယ်တစ်ခုဖြစ်ပြီး ဒေသတွင်းPDFအဖွဲ့များကလည်း ခုခံစစ်ဆင်နွှဲလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook