Connect with us

Hi, what are you looking for?

LuduNwayOo

News

ပေါက်မြို့နယ်တွင် ပျူလင်မယားနှစ်ဦးအသတ်ခံရဟုဆို

မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က ပုသိမ်-မုံရွာလမ်းပေါ်တွင် ဒီးဒုတ်ကွင်းရွာနေ လင်မယားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါလင်မယားနှစ်ဦးမှာ ပျူစောထီးအဖွဲ့ဝင်များဟု လူသိများနေသူများဖြစ်ကြောင်းဒေသခံများကပြောသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းကာ ပြည်သူကိုခြိမ်းခြောက်နှိပ်စက်မှုများပြုလုပ်နေသည့် ပျူစောထီးအဖွဲ့မှ လင်မယားနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က ပုသိမ်-မုံရွာလမ်းပေါ်တွင် ဒီးဒုတ်ကွင်းရွာနေ လင်မယားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အဆိုပါလင်မယားနှစ်ဦးမှာ ပျူစောထီးအဖွဲ့ဝင်များဟု လူသိများနေသူများဖြစ်ကြောင်းဒေသခံများကပြောသည်။

အဆိုပါပျူစောထီးလင်မယား ရှင်းလင်းခံရခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးလျက်ရှိသော ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးအဖွဲ့ဝင်များဖြစ်သော လင်မယားနှစ်ဦးအား သုတ်သင်ရှင်းလင်းခဲ့သည်ဟု ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(S.P.P.D.F) အမှတ်၂ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ပေါက်မြို့နယ်အတွင်းရှိ စကစ၏ သတင်းပေးဒလန်များ၊ ပျူစောထီးများအနေဖြင့် မိမိတို့၏ လက်ရှိလုပ်ရပ်များကို ရပ်တန့်ကာ ပြည်သူလူထုနှင့်တသားတည်းရပ်တည်ကြရန် အထူးအလေးအနက်ထားကာ တိုက်တွန်းလိုက်ကြောင်းပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(S.P.P.D.F)ကသ
တိပေးသည်။

Public Service Announcement

Public Service Announcement

“သူတို့က ဒီးဒုတ်ကွင်းရွာက ပျူတွေဗျ။ ပေါက်မြို့နယ်က ပုသိမ်- မုံရွာလမ်းပေါ်မှာဆိုပြည်သူတွေကို နှိပ်စက်တာတွေ၊ ငွေ ညှစ်တာတွေမကြာခဏ လုပ်တယ်ဗျ။ စခတွေရဲ့ စစ်ကြောင်းတွေနဲ့ပေါင်းပြီးလဲပြည်သူတွေကိုဒုက္ခပေးနေကျဗျ။” ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(S.P.P.D.F) မှ တာဝန်ရှိသူက ပြောသည်။

ပေါက်မြို့နယ်သည် မကွေးတိုင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များမကြာခဏခံခဲ့ရသည့်နယ်တစ်ခုဖြစ်ပြီး ဒေသတွင်းPDFအဖွဲ့များကလည်း ခုခံစစ်ဆင်နွှဲလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။