Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဥ် ဦးကိုကိုကြီး အချက် ၄ချက် တောင်းဆို

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနှင့်ဆက်ဆံရေးရှိသည့် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးသည် အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဥ် အချက် ၄ချက်ကို အဓိက တောင်းဆိုကြောင်း သိရသည်။

ဓာတ်ပုံ - ပြည်သူ့ပါတီ

အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီးပရက်ဆော့ခွန်းသည် ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနှင့်တွေ့ဆုံခဲ့ကြောင်း ယင်းပါတီက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနှင့်ဆက်ဆံရေးရှိသည့် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးသည် အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဥ် အချက် ၄ချက်ကို အဓိက တောင်းဆိုကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ပါတီ

ယင်းအချက်များမှာ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ အရပ်သားထိခိုက်သေဆုံးမှုများကို ဘက်အသီးသီးမှ အကာကွယ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကိုကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ပေးရန် နှင့် အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေးသဘောတူညီမှု တစ်ခုရရှိစေရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်တို့ ဖြစ်ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်သည်။

ဓာတ်ပုံ – ပြည်သူ့ပါတီ

အာဆီယံအထူးကိုယ်စားလှယ်၏ ယခုခရီးစဥ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်ကို ထင်ဟပ်မှုမရှိ၍ ပြင်းထန်စွာကန့်ကွက်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၁ရက်တွင် စတင်ခဲ့သော အထူးကိုယ်စားလှယ်၏ ခရီးစဥ်သည် လက်ရှိအချိန်အထိ ပြည်သူလူထုကို ကိုယ်စားပြုသော ရွေးကောက်ခံများနှင့် တွေ့ဆုံခြင်း မရှိသေးဘဲ တရားမဝင်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ၎င်းလက်အောက်ရှိ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ