မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ရှိသည့်နေရာများသို့ သွားလာနေထိုင်ခြင်းမပြုရန် ပေါက် PDF အဖွဲ့က သတိပေးသည်။
ကျောက်ပန်းတောင်းမြို့နေ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ယာဥ်များ၊ စစ်ကောင်စီနှင့် ပတ်သက်နေသော ရုံးအဆောက်အဦးနေရာများ အနီးတွင် သွားလာနေထိုင်ခြင်းမပြုရန် အထူးအလေးအနက်ထားကာ သတိပေးလိုက်ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၂)တပ်ရင်းက မတ်လ ၂၃ ရက်တွင် သတိပေးကြေညာသည်။

အထက်ပါ သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်နေသော နေရာများသို့ သွားလာနေထိုင်ပါက ဖြစ်ပေါ်လာသော အကျိုး ဆက်များကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၂)တပ်ရင်းက အသိပေးသည်။
ပေါက် PDFသည် မတ်လ ၁ ရက် ညကလည်း ကျောက်ပန်းတောင်းမြို့ရှိ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို သတိပေးသည့်အနေဖြင့် ဗုံးခွဲခဲ့သေးသည်။

Public Service Announcement


















































