Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ် ရဲစခန်းနှင့် Mytel တာဝါတိုင်အား ညီနောင်တော်လှန်ရေး အင်အားစုသုံးဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရဲစခန်းနှင့် မြို့ပေါ်ရှိ Mytel တာဝါတိုင်အား ရှေ့ထွက်မိုင်း၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)က အသိပေးထုတ်ပြန်သည်။

မြောင်မြို့နယ်ရဲစခန်းအား ယနေ့(မတ်လ ၂၈ ရက်)ညနေ ၆နာရီ ၄၅မိနစ်အချိန်က မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁)တပ်ခွဲ-၁ နှင့် Zarmani Revolution Force ပြောက်ကျားတပ်ဖွဲ့ စသည့် ညီနောင်တော်လှန်ရေးအင်အားစုသုံးဖွဲ့ ပူးပေါင်း၍ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တချိန်တည်းမှာပင် မြောင်မြို့ တောင်ရပ်ကွက်ရှိ Mytel တာဝါတိုင်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း MRA က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီ၏ သေဆုံးထိခိုက်မှုအခြေအနေကို မသိရသေးဘဲ တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ သည်ဟု ဖော်ပြထားသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)သို့ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

မြောင်မြို့တွင် ယမန်နေ့(မတ်လ ၂၇ ရက်)ညနေ ၄နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်များသည် မြို့တောင်ဘက်အထွက်သို့ ကားတစ်စီးဖြင့် ထွက်ခွာလာစဥ် ညီနောင် တော်လှန်ရေးအင်အားစု သုံးဖွဲ့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး အများအပြားအပြင်းအထန်ဒဏ်ရာများ ရရှိသွား ကြောင်း MRAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)သည် ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပြည်သူများအထိအခိုက် မရှိစေရန် အထူးဂရုပြုဆောင်ရွက် လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို သတိကြီးစွာထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြရန်လည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

Facebook