Connect with us

Hi, what are you looking for?

News

မြ၀တီ – ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၍ စစ်ကောင်စီတပ် အနည်းဆုံး၁၃ဦး ထပ်မံသေဆုံး

မြဝတီ – ဝေါ်လေ ကားလမ်း သေ့ဘော့ဘိုးရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ မတ်လ ၂၈ရက် နေ့လယ် ၃နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ရာ ၃နာရီကြာမြင့်ခဲ့သည်ဟုဆိုသည်။

(မတ်လ ၂၇ရက်က တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများကို ပြသထားစဥ်၊ ဓာတ်ပုံ - Cobra Column)

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘောဘိုးရွာအနီးတွင် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၃ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

မြဝတီ – ဝေါ်လေ ကားလမ်း သေ့ဘော့ဘိုးရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ မတ်လ ၂၈ရက် နေ့လယ် ၃နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ရာ ၃နာရီကြာမြင့်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း အပြင် လက်ဖြောင့် စနိုက်ပါစစ်သည်များ၊ ခြေမှုန်းရေးစစ်သည်များ၏ ခုခံနိုင်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်းမှ အနည်းဆုံး ၁၃ဦးသေဆုံးခဲ့ပြီး ကော်ဘရာ စစ်ကြောင်းမှ အကျအဆုံးမရှိ အောင်မြင်စွာ ခုခံနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

မတ်လ ၂၇ရက်ကလည်း အဆိုပါဒေသ၌ စစ်ကောင်စီတပ်များကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၆၁ဦး သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၇၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။