Connect with us

Hi, what are you looking for?

LuduNwayOo

News

မြ၀တီ – ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၍ စစ်ကောင်စီတပ် အနည်းဆုံး၁၃ဦး ထပ်မံသေဆုံး

မြဝတီ – ဝေါ်လေ ကားလမ်း သေ့ဘော့ဘိုးရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ မတ်လ ၂၈ရက် နေ့လယ် ၃နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ရာ ၃နာရီကြာမြင့်ခဲ့သည်ဟုဆိုသည်။

(မတ်လ ၂၇ရက်က တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ခဲယမ်းများကို ပြသထားစဥ်၊ ဓာတ်ပုံ - Cobra Column)

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘောဘိုးရွာအနီးတွင် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၃ဦး သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

မြဝတီ – ဝေါ်လေ ကားလမ်း သေ့ဘော့ဘိုးရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့ မတ်လ ၂၈ရက် နေ့လယ် ၃နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ရာ ၃နာရီကြာမြင့်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း အပြင် လက်ဖြောင့် စနိုက်ပါစစ်သည်များ၊ ခြေမှုန်းရေးစစ်သည်များ၏ ခုခံနိုင်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်းမှ အနည်းဆုံး ၁၃ဦးသေဆုံးခဲ့ပြီး ကော်ဘရာ စစ်ကြောင်းမှ အကျအဆုံးမရှိ အောင်မြင်စွာ ခုခံနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

မတ်လ ၂၇ရက်ကလည်း အဆိုပါဒေသ၌ စစ်ကောင်စီတပ်များကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၆၁ဦး သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ ၇၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။