Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ဒီမိုကရေစီအရေး ထိရောက်စွာအထောက်အပံ့ဖြစ်မည့် Burma Act ကို ကန်လွှတ်တော်နှစ်ရပ်အတည်ပြုရန် နီးစပ်နေဟုဆို

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ထောက်ခံသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ မြန်မာ့အရေးဖြေရှင်းရေး အထူးကိုယ်စားလှယ်ခန့်အပ်ရေး အချက်များလည်း Burma Act ၌ ဖော်ပြသည်။

အ​မေရိကား​ရောက်မြန်မာများ စစ်တပ်အာဏာသိမ်းမှုအ​ပေါ် ကန့်ကွက်ဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ် ၊ ဓာတ်ပုံ - ko ko lay/FB

မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေးဥပဒေ Burma Act ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည် ပြုပြဌာန်းရန် နီးစပ်နေပြီဟု အမေရိကန်ရောက်မြန်မာ့အရေးလှုပ်ရှားနေသူအချို့က ပြောသည်။

အမေရိကန်အစိုးရက တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင် ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီပံ့ပိုးရန် အဓိကရေးဆွဲထားသည့် Burma Unified through Rigorous Military Accountability Act (Burma Act)မှာ အောက်လွှတ် တော်၏ သဘောတူညီ ချက်ရရှိထားပြီး အထက် လွှတ်တော်၏ သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဟု ယင်းဥပဒေဖြစ် ပေါ်လာရေးလှုံ့ဆောင်နေသူအချို့ကပြောသည်။

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကြောင့် မြန်မာ့အရေးသည် အနည်းငယ် နောက်ရောက်သွားသော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်ခြင်း(Genocide)ကျူးလွန်သည်ဟု တရားဝင် သတ်မှတ်ကြေညာခဲ့၍ Burma Act အတည်ပြုပြဌာန်းရန် ပိုမိုအားကောင်းလာကြောင်း U.S Advocacy Coalition for Myanmar – USACM အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“BURMA Act သာ ဥပဒေဖြစ်လာရင် အပြစ်မဲ့ နိုင်ငံသူ နိုင်ငံသား များကို အကူအညီများစွာပေးသည်မက စစ်ကောင်စီကို အားယုတ်စေမှာပါ” ဟု USACM က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ Burma Act တွင် မြန်မာစစ်တပ်အပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း(Genocide)ဆိုင်ရာ ပြဌာန်းချက် ချမှတ်ရန်ပါဝင်ပြီး ယင်းဥပဒေအတည်မပြုခင်တွင်ပင် အမေရိကန်အစိုးရက သတ်မှတ်ခဲ့ပြီးဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ထောက်ခံသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ မြန်မာ့အရေးဖြေရှင်းရေး အထူးကိုယ်စားလှယ်ခန့်အပ်ရေး အချက်များလည်း Burma Act ၌ ဖော်ပြသည်။

ထို့အပြင် ယင်းဥပဒေတွင် မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများတိုင်းရင်းသား အဖွဲ့အစည်းများကို လူသားချင်းစာနာမှု အကူအညီငွေ ဒေါ်လာ သန်း ၂၂၀ ပေးရန်၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသော အင်အားစုများ၊ သတင်းမီဒီယာ အဖွဲ့များကို ဒီမိုကရေစီထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀ ပေးရန်၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ရန် စသည့်အချက်များ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီ အများအပြား ပိုမိုလိုအပ်လာနေပြီး ပြည်တွင်းမှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများ စစ်ရှောင်ပြည်သူထံ သွားရောက်ထောက်ပံ့ပို့ဆောင်သည့်အခါ စစ်ကောင်စီတပ်က ပြင်းထန်စွာ တားဆီးပိတ်ဆို့နေသည့်အတွက် နယ်စပ်မှတစ်ဆင့် သွားရောက်ကူညီပို့ဆောင်ခြင်းကို ပိုမိုအားထားနေရသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သတင်း

KNU အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ကရင်အမျိုးသားအကျိုး၊ တစ်နိုင်ငံလုံးအကျိုး တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

နိုင်ငံတကာ

အမေရိကန်ဟာ တင့်ကားတွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံဖိုးလောက် ကာကွယ်ရေး အစီအမံတွေ ပေးအပ် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

ဗီဒီယို

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။