Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေး ထိရောက်စွာအထောက်အပံ့ဖြစ်မည့် Burma Act ကို ကန်လွှတ်တော်နှစ်ရပ်အတည်ပြုရန် နီးစပ်နေဟုဆို

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ထောက်ခံသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ မြန်မာ့အရေးဖြေရှင်းရေး အထူးကိုယ်စားလှယ်ခန့်အပ်ရေး အချက်များလည်း Burma Act ၌ ဖော်ပြသည်။

အ​မေရိကား​ရောက်မြန်မာများ စစ်တပ်အာဏာသိမ်းမှုအ​ပေါ် ကန့်ကွက်ဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ် ၊ ဓာတ်ပုံ - ko ko lay/FB

မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေးဥပဒေ Burma Act ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည် ပြုပြဌာန်းရန် နီးစပ်နေပြီဟု အမေရိကန်ရောက်မြန်မာ့အရေးလှုပ်ရှားနေသူအချို့က ပြောသည်။

အမေရိကန်အစိုးရက တရားမဝင်အာဏာသိမ်းမြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး လုပ်ဆောင် ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီပံ့ပိုးရန် အဓိကရေးဆွဲထားသည့် Burma Unified through Rigorous Military Accountability Act (Burma Act)မှာ အောက်လွှတ် တော်၏ သဘောတူညီ ချက်ရရှိထားပြီး အထက် လွှတ်တော်၏ သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဟု ယင်းဥပဒေဖြစ် ပေါ်လာရေးလှုံ့ဆောင်နေသူအချို့ကပြောသည်။

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကြောင့် မြန်မာ့အရေးသည် အနည်းငယ် နောက်ရောက်သွားသော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်ခြင်း(Genocide)ကျူးလွန်သည်ဟု တရားဝင် သတ်မှတ်ကြေညာခဲ့၍ Burma Act အတည်ပြုပြဌာန်းရန် ပိုမိုအားကောင်းလာကြောင်း U.S Advocacy Coalition for Myanmar – USACM အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“BURMA Act သာ ဥပဒေဖြစ်လာရင် အပြစ်မဲ့ နိုင်ငံသူ နိုင်ငံသား များကို အကူအညီများစွာပေးသည်မက စစ်ကောင်စီကို အားယုတ်စေမှာပါ” ဟု USACM က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ Burma Act တွင် မြန်မာစစ်တပ်အပေါ် လူမျိုးသုဉ်းသတ်ဖြတ်ခြင်း(Genocide)ဆိုင်ရာ ပြဌာန်းချက် ချမှတ်ရန်ပါဝင်ပြီး ယင်းဥပဒေအတည်မပြုခင်တွင်ပင် အမေရိကန်အစိုးရက သတ်မှတ်ခဲ့ပြီးဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ထောက်ခံသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ မြန်မာ့အရေးဖြေရှင်းရေး အထူးကိုယ်စားလှယ်ခန့်အပ်ရေး အချက်များလည်း Burma Act ၌ ဖော်ပြသည်။

ထို့အပြင် ယင်းဥပဒေတွင် မြန်မာပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများတိုင်းရင်းသား အဖွဲ့အစည်းများကို လူသားချင်းစာနာမှု အကူအညီငွေ ဒေါ်လာ သန်း ၂၂၀ ပေးရန်၊ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသော အင်အားစုများ၊ သတင်းမီဒီယာ အဖွဲ့များကို ဒီမိုကရေစီထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀ ပေးရန်၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ရန် စသည့်အချက်များ ပါဝင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွက် ထောက်ပံ့ ပေးပို့နေတဲ့ အကူအညီ အားလုံးကို ၂၀၂၆ ခုနှစ်မှာရပ်တန့်တော့မယ်လို့ ဆွီဒင်က အတည်ပြုခဲ့ပါတယ်။

သတင်း

ငလျင်ကြီးလှုပ်ခတ်မှုအပြီး ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ မြို့နယ်ပေါင်း ၂၄ မြို့တွင် ကျပ်သိန်းပေါင်း ၁၂,၀၀၀ ကျော်(၁.၂ ဘီလီယံ) ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MoHADM က ဧပြီ ၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။