Connect with us

Hi, what are you looking for?

ဗီဒီယို

ထူးခြားတဲ့ နောက်ခံ အကြောင်းတရားတွေနဲ့ အလံတွေကို ယူကရိန်း သမ္မတနဲ့ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌတို့ အပြန်အလှန် လက်ဆောင်ပေး

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အမေရိကန် ခရီးစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီနဲ့ ထူးခြားတဲ့ နောက်ခံ အခြေအနေတွေ ရှိနေတဲ့ အလံတွေကို အပြန်အလှန် လက်ဆောင် ပေးခဲ့ကြပါတယ်။

ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်လာချိန်နောက်ပိုင်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်ကို ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိခဲ့ပါတယ်။ သူဟာ အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့တဲ့နောက် အမေရိကန် လွှတ်တော် (ကက်ပီတိုလ်) အဆောက်အအုံမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

မိန့်ခွန်း မပြောခင်မှာ ဇီလန်စကီးက ပလော့စီကို ယူကရိန်း အလံတစ်ခု ပေးအပ်ခဲ့ပါတယ်။ အဲဒီ အလံဟာ အမေရိကန် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ ဇီလန်စကီးကိုယ်တိုင် ရှေ့တန်း စစ်မျက်နှာပြင်ထိ သွားရောက်ခဲ့ချိန်က ယူကရိန်း စစ်သားတွေ စုပေါင်း လက်မှတ်ထိုးထားတဲ့ အလံ ဖြစ်ပါတယ်။

ရုရှားရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကနေ ယူကရိန်း ပြည်သူတွေကို ကူညီ ကယ်တင်ပေးဖို့ ဇီလန်စကီးက လှိုက်လှိုက်လှဲလှဲ မိန့်ခွန်းပြောခဲ့တဲ့နောက် လွှတ်တော်ထဲမှာ အမေရိကန် ဥပဒေပြု အမတ်တွေက သောင်းသောင်းဖြဖြ လက်ခုပ်ဩဘာတီး အားပေးခဲ့ကြပါတယ်။ အဲဒီနောက် ပလော့စီက ဇီလန်စကီးကို အမေရိကန် အလံတစ်ခု အမှတ်တရ လက်ဆောင် ပြန်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အလံဟာ အမေရိကန် ဒီမိုကရေစီရဲ့ ပြယုဂ်လို့ ပြောရမယ့် ကက်ပီတိုလ် လွှတ်တော် အဆောက်အအုံထက်မှာ လွှင့်တင်ထားခဲ့တဲ့ အလံလည်း ဖြစ်ပါတယ်။ ဇီလန်စကီးဟာ လွှတ်တော်က ပြန်ထွက်သွားချိန်မှာ အဲဒီ အမေရိကန် အလံကို ကိုင်မြှောက်ပြသွားတာကို တွေ့ရပါတယ်။

အစောပိုင်းမှာ အမေရိကန် လွှတ်တော် အမတ်တွေဆီ လိပ်မူပြီး ပလော့စီကို ယူကရိန်းအလံ ပေးအပ်ချိန်မှာ ဇီလန်စကီးက ယူကရိန်း စစ်သည်တွေဟာ အမေရိကန် အစိုးရလက်ထဲ ဒီအလံကို သေသေချာချာ ထည့်ပေးဖို့ သူ့ကို မှာခဲ့ကြကြောင်း ပြောပြပါတယ်။ အမေရိကန် လွှတ်တော်ထဲမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ယူကရိန်းပြည်သူ သန်းပေါင်းများစွာကို ကူညီကယ်တင်ဖို့ အစွမ်းအစ ရှိတယ်ဆိုတာကို သူ့စစ်သားတွေက ထပ်လောင်း သတိပေးချင်လို့ ဒီအလံကို လက်ဆောင် ပေးလိုက်တာပါလို့ ဇီလန်စကီးက ဆိုတယ်။

ဇီလန်စကီးရဲ့ ခရီးစဉ်ဟာ ယူကရိန်းအတွက် အမေရိကန် အစိုးရက ဘဏ္ဍာရေး အထောက်အပံ့တွေ အလုံးအရင်း ပေးပို့နေတာကို ကန့်ကွက်စ ပြုလာတဲ့ အတိုက်အခံ အမတ်တွေကိုပါ ရပ်တည်ချက် ပြောင်းသွားအောင် အတိုင်းအတာ တစ်ခုထိ စည်းရုံးနိုင်ဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။