Connect with us

Hi, what are you looking for?

News

သန်လျင် က.ည.န အခွန်ရုံးကို PDFက အ​ဝေးထိန်းဗုံးဖြင့် ​ဖောက်ခွဲတိုက်ခိုက်

ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် စစ်​ကောင်စီအဖွဲ့က လိုင်စင်သက်တမ်းတိုးမည့်သူများနှင့် လိုင်စင်ဖြေရန် စောင့်ဆိုင်းနေသူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ က.ည.န အခွန်ရုံးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ယ​နေ့(မတ်လ ၃၀ ရက်) နေ့လယ်၁၁နာရီခန့်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ ကျည်ဆံဖိုးများရရှိရန် ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်၍ မော်တော်ယာဉ်အခွန်အခများ အဓမ္မပေးဆောင်စေသောကြောင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သန်လျင်ချန်နယ်က သတင်း ထုတ်ပြန်သည်။

Public Service Announcement

ယင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးအများအပြားရှိသော်လည်း ထိခိုက်ပျက်စီးမှုအတိအကျမသိရသေးကြောင်း နှင့် ဆက်လက်၍ ပြည်သူများကို အဓမ္မအခွန်ဆောင်ခိုင်းပါက ယခုထက်ပြင်းထန်သည့် တိုက်ခိုက်မှုများပြုလုပ်မည်ဟု သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်တွင် စစ်​ကောင်စီအဖွဲ့က လိုင်စင်သက်တမ်းတိုးမည့်သူများနှင့် လိုင်စင်ဖြေရန် စောင့်ဆိုင်းနေသူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်