ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စွမ်းအင်မှတ်တိုင်အနီးရှိ YGN Bar ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူအဖွဲ့ (Justice Bringer Force-JBS)က အသိပေးထုတ်ပြန်သည်။
ဧပြီ ၃ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုအတိအကျ မသိရသေးကြောင်း JBS အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဆေးချလို့ရတဲ့ HI ခန်းတွေရှိတယ်။ လာတဲ့သူတွေက မြောက်ဒဂုံ လူကြီးပိုင်းထဲက သားသမီးတွေ လာတတ်တာ၊ အဓိက ကတော့ ဆေးသုံးဖို့လာကြတာ”ဟု YGN Bar နှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူကပြောသည်။
JBS အနေဖြင့် စစ်ကောင်စီအတွက် အခွန်များပေးဆောင်နေသည့် Bar များကို မသွားရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

Public Service Announcement
အကြမ်းစစ်ကောင်စီအား အခွန်ပေးဆောင်ဖွင့်လှစ်နေသော ရန်ကုန်မြို့ရှိ Bar အချို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးဖောက်ခွဲမှုများ ပြုလုပ်နေသည်။


















































