Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံက YGN Bar ဗုံးခွဲသတိ​ပေးခံရ

ဧပြီ ၃ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုအတိအကျ မသိရသေးကြောင်း JBS အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ ‌ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စွမ်းအင်မှတ်တိုင်အနီးရှိ YGN Bar ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူအဖွဲ့ (Justice Bringer Force-JBS)က အသိ​ပေးထုတ်ပြန်သည်။

ဧပြီ ၃ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုအတိအကျ မသိရသေးကြောင်း JBS အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆေးချလို့ရတဲ့ HI ခန်းတွေရှိတယ်။ လာတဲ့သူတွေက မြောက်ဒဂုံ လူကြီးပိုင်းထဲက သားသမီးတွေ လာတတ်တာ၊ အဓိက ကတော့ ဆေးသုံးဖို့လာကြတာ”ဟု YGN Bar နှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူကပြောသည်။

JBS အနေဖြင့် စစ်ကောင်စီအတွက် အခွန်များပေးဆောင်နေသည့် Bar များကို မသွားရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းစစ်​ကောင်စီအား အခွန်​ပေး​ဆောင်ဖွင့်လှစ်​နေ​သော ရန်ကုန်မြို့ရှိ Bar အချို့ကို မြို့ပြ​ပြောက်ကျားတပ်ဖွဲ့က သတိ​ပေး​ဖောက်ခွဲမှုများ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

သတင်း

ယမန်နေ့ည ပိုင်းက မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်၊ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်၌ ပျူစောထီး အဖွဲ့ဝင်ဆိုသူ ကျော်ဆန်းဝင်းမှာ နေအိမ်သို့ ပြန်လာစဥ်ပစ်ခတ်ခံခဲ့ရသည်ဟု သိရသည်။

သတင်း

​တောင်သာနယ်သည် ယခင်စစ်အစိုးရလက်ထက် စက်မှုဝန်ကြီး​ဟောင်း ဦး​အောင်​သောင်၏ ဇာတိနယ်ဖြစ်သည်။ထို​ကြောင့် အစဥ်အဆက် ပြည်ခိုင်ဖြိုး အား​ကောင်း​​သော​ဒေသဖြစ်​သော်လည်း ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​တောင်သာနယ်တွင်ပင် ပြည်ခိုင်ဖြိုးရှုံးနိမ့်ပြီး ဒီချုပ်အနိုင်ရခဲ့သည်။