Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်မြို့တော် တဝိုက်ကို ယူကရိန်းတပ်တွေ အပြည့်အဝ ပြန်ထိန်းချုပ်

ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှား စစ်တပ်တွေဟာ ကိယက်ဗ် အစွန်အဖျား ဆင်ခြေဖုံး ဧရိယာတွေကို သိမ်းယူနိုင်ခဲ့ပေမယ့် မြို့တော်ဆီ ရောက်တဲ့ထိ မချီတက်နိုင်ခဲ့ပါဘူး။ အခုအခါမှာတော့ ရုရှား သိမ်းပိုက်ခဲ့ဖူးတဲ့ မြို့ငယ်လေးတွေကို ယူကရိန်း စစ်သည်တွေက ရာနှုန်းပြည့် ပြန်လည် ထိန်းသိမ်းထားနိုင်ခဲ့ပြီလို့ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဂန်နာ မာလီရာက ကြေညာခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်နဲ့ ဆက်စပ် ဧရိယာ အားလုံးကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားလိုက်ပြီလို့ ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှား စစ်တပ်တွေဟာ ကိယက်ဗ် အစွန်အဖျား ဆင်ခြေဖုံး ဧရိယာတွေကို သိမ်းယူနိုင်ခဲ့ပေမယ့် မြို့တော်ဆီ ရောက်တဲ့ထိ မချီတက်နိုင်ခဲ့ပါဘူး။ အခုအခါမှာတော့ ရုရှား သိမ်းပိုက်ခဲ့ဖူးတဲ့ မြို့ငယ်လေးတွေကို ယူကရိန်း စစ်သည်တွေက ရာနှုန်းပြည့် ပြန်လည် ထိန်းသိမ်းထားနိုင်ခဲ့ပြီလို့ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဂန်နာ မာလီရာက ကြေညာခဲ့ပါတယ်။

အာပင်၊ ဘူချာ၊ ဂိုစတိုမဲလ်တို့ အပါအဝင် မြို့တော်နဲ့ ဆက်စပ် ဧရိယာ အားလုံးဟာ ကျူးကျော်သူတွေဆီကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီလို့ မာလီရာက ဆိုပါတယ်။ အဲဒီ မြို့တွေဟာ ကိယက်ဗ်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပြီး ရုရှားတပ်တွေ ကျူးကျော်လာချိန်မှာ အကြီးအကျယ် ဖျက်ဆီးခံခဲ့ရပါတယ်။ အာပင်နဲ့ ဘူချာတို့မှာဆိုရင် အရပ်သား ပြည်သူတွေ သေဆုံးမှု အများအပြား ရှိခဲ့ပါတယ်။ ဘူချာက လမ်းတစ်လမ်းထဲမှာတင် အလောင်း ၂၀ လောက် တွေ့ခဲ့ရတယ်လို့ AFP သတင်းထောက်က ပြောပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်း မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကနေ စစ်မျက်နှာ ၃ ခုဖွင့်ပြီး ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကိယက်ဗ်နဲ့ နီးကပ်နေတဲ့ မြောက်ပိုင်းက ထိုးစစ်ကို ရုရှားက ရုပ်သိမ်းသွားပြီလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေကို သိမ်းယူဖို့ ပိုမို အားထုတ်လာနိုင်တဲ့အတွက် တိုက်ပွဲကြီးတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။