Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိယက်ဗ်မြို့တော် တဝိုက်ကို ယူကရိန်းတပ်တွေ အပြည့်အဝ ပြန်ထိန်းချုပ်

ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှား စစ်တပ်တွေဟာ ကိယက်ဗ် အစွန်အဖျား ဆင်ခြေဖုံး ဧရိယာတွေကို သိမ်းယူနိုင်ခဲ့ပေမယ့် မြို့တော်ဆီ ရောက်တဲ့ထိ မချီတက်နိုင်ခဲ့ပါဘူး။ အခုအခါမှာတော့ ရုရှား သိမ်းပိုက်ခဲ့ဖူးတဲ့ မြို့ငယ်လေးတွေကို ယူကရိန်း စစ်သည်တွေက ရာနှုန်းပြည့် ပြန်လည် ထိန်းသိမ်းထားနိုင်ခဲ့ပြီလို့ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဂန်နာ မာလီရာက ကြေညာခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်နဲ့ ဆက်စပ် ဧရိယာ အားလုံးကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားလိုက်ပြီလို့ ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။

ကျူးကျော် စစ်ပြုခဲ့တဲ့ ရုရှား စစ်တပ်တွေဟာ ကိယက်ဗ် အစွန်အဖျား ဆင်ခြေဖုံး ဧရိယာတွေကို သိမ်းယူနိုင်ခဲ့ပေမယ့် မြို့တော်ဆီ ရောက်တဲ့ထိ မချီတက်နိုင်ခဲ့ပါဘူး။ အခုအခါမှာတော့ ရုရှား သိမ်းပိုက်ခဲ့ဖူးတဲ့ မြို့ငယ်လေးတွေကို ယူကရိန်း စစ်သည်တွေက ရာနှုန်းပြည့် ပြန်လည် ထိန်းသိမ်းထားနိုင်ခဲ့ပြီလို့ ကာကွယ်ရေး ဒုတိယ ဝန်ကြီး ဂန်နာ မာလီရာက ကြေညာခဲ့ပါတယ်။

အာပင်၊ ဘူချာ၊ ဂိုစတိုမဲလ်တို့ အပါအဝင် မြို့တော်နဲ့ ဆက်စပ် ဧရိယာ အားလုံးဟာ ကျူးကျော်သူတွေဆီကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီလို့ မာလီရာက ဆိုပါတယ်။ အဲဒီ မြို့တွေဟာ ကိယက်ဗ်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပြီး ရုရှားတပ်တွေ ကျူးကျော်လာချိန်မှာ အကြီးအကျယ် ဖျက်ဆီးခံခဲ့ရပါတယ်။ အာပင်နဲ့ ဘူချာတို့မှာဆိုရင် အရပ်သား ပြည်သူတွေ သေဆုံးမှု အများအပြား ရှိခဲ့ပါတယ်။ ဘူချာက လမ်းတစ်လမ်းထဲမှာတင် အလောင်း ၂၀ လောက် တွေ့ခဲ့ရတယ်လို့ AFP သတင်းထောက်က ပြောပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်း မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကနေ စစ်မျက်နှာ ၃ ခုဖွင့်ပြီး ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကိယက်ဗ်နဲ့ နီးကပ်နေတဲ့ မြောက်ပိုင်းက ထိုးစစ်ကို ရုရှားက ရုပ်သိမ်းသွားပြီလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေကို သိမ်းယူဖို့ ပိုမို အားထုတ်လာနိုင်တဲ့အတွက် တိုက်ပွဲကြီးတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။