Connect with us

Hi, what are you looking for?

News

မိုးနဲ့လေပြင်းဘေးသတိပြုဖို့ NUG သတိပေး

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်တဲ့ECMWF မှာတော့ ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုမှာ ဧပြီး ၇ရက်ကနေ ၉ ရက်အတွင်း အချိန်အခါမဟုတ်မိုးတွေ ရွာနိုင်တယ်လို့ ဧပြီ ၃ရက်မှာ ဖော်ပြထားပါတယ်။

ကပ္ပလီပင်လယ်မှာမုန်တိုင်းဖြစ်လာနိုင်ခြင်းနဲ့အတူ မြန်မာ့ကမ်းရိုးတန်းဘက်ကို ရွေ့လျားလာနိုင်ခြေရှိလို့ အချိန်မခါမဟုတ်မိုးနဲ့ လေပြင်းဘေးကို ကြိုတင် သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရကခန့်မှန်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၂ နွေကာလမှာ ဒုတိယမြောက်ဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံ
ခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာန(MHADM)ကဧပြီ ၄ ရက်မှာ သတိပေးချက် ထုတ်ပြန် ထားတာပါ။

ထိုင်းပင်လယ်ကွေ့မှာ ဖြစ်နေတဲ့ လေပွေလှိုင်းဟာ မြန်မာနဲ့ထိစပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်ထဲကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဧပြီလ (၅)ရက်နေ့မှာရောက်ရှိလာနိုင်ပြီး ဧပြီလ ၆ရက်နေ့မှာ မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

ဧပြီလ ၆ ရက်နေ့ညနေကစပြီး မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း တစ်လျှောက် နဲ့ ပင်လယ်ပြင်မှာ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ ခန့် တိုက်ခတ်နိုင်တာ​ကြောင့် ကြိုတင်သတိပြုဖို့လိုတယ်လို့ MHADMက သတိပေးထားပါတယ်။ ပင်လယ် ရေလှိုင်းအမြင့်ကလည်း ၆ပေကနေ ၇ပေခန့် အထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းငယ်ကဧပြီလ၇ရက်နေ့မှာအနည်းငယ်ပိုအားကောင်းလာနိုင်ပြီး​တော့ ကိုကိုးကျွန်းအနီးက​မေကပ် ရွေ့လျားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ သတိပြုနေထိုင်ကြဖို့နဲ့မိုးနဲ့လေပြင်းဘေးကြိုတင်ကာကွယ်ဖို့ သတိပေး ထားပါတယ်။

အထက်ပါ အချက်အလက်တွေဟာ MHADMရဲ့ကနဦးကြိုတင်ခန့်မှန်းချက်တွေဖြစ်ပါတယ်။ နောက်ဆက်တွဲအခြေအနေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်တဲ့ECMWF မှာတော့ ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစုမှာ ဧပြီး ၇ရက်ကနေ ၉ ရက်အတွင်း အချိန်အခါမဟုတ်မိုးတွေ ရွာနိုင်တယ်လို့ ဧပြီ ၃ရက်မှာ ဖော်ပြထားပါတယ်။

ဒီတစ်ကြိမ် မုန်တိုင်းငယ် သတိပေးချက်ဟာ ၂၀၂၂ နွေရာသီအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ တတိယလပတ်ထဲမှာ ဘဂ်လားပင်လယ်အော်အတွင်း မုန်တိုင်းငယ်ဖြစ်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းကို ဝင်ခဲ့ပါတယ်။ မုန်တိုင်းငယ်အဆင့်နဲ့သာ ဝင်တာဖြစ်လို့ ကြီးမားတဲ့ ပျက်စီးထိခိုက်မှုတွေ မရှိခဲ့ပါဘူး။ အဲဒီမုန်းတိုင်းငယ်တုန်းက NUG ရဲ့ MHADM ကအနီးစပ်ဆုံးမှန်ခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီရဲ့ မိုးဇလက​တော့ ဆိုင်ကလုန်းမုန်တိုင်းတိုက်​ခေတ်ပြီး မုန်တိုင်းဒီ​ရေ ​၁၀ ​ပေဝန်းကျင်အထိ့တက်နိုင်တယ်လို့ ခန့်မှန်း​ချက်​တွေကလွဲ​ချော်ခဲ့ပါတယ်။

အန္ဒိယမိုးဇလရဲ့ ကြိုတင်ခန့်မှန်းချက်ကိုယ်တိုင် အမှားအယွင်းများခဲ့​ပေမယ့် NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဌာန ခန့်မှန်းချက်​တွေက အမှန်ဆုံးဖြစ်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook