Connect with us

Hi, what are you looking for?

News

လွိုင်​ကော်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် ​မြေမြုပ်မိုင်း​ကြောင့် က​လေးနှစ်ဦးဒဏ်ရာရ

ထွီလွီးဘီလာကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

(ထွီလွီးဘီလာရွာ တိုက်ပွဲတွင် ကျဆုံးခဲ့​သော ပြည်သူ့ ရဲ​ဘော်ကို သဂြိုလ်​​ရန် ပြင်ဆင်နေစဥ်)

ကရင်နီပြည်နယ် လွိုင်​ကော်မြို့ ဒေါဥခူရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ​ထောင်ထားခဲ့​သော ​မြေမြုပ်မိုင်း​ပေါက်ခွဲပြီး က​လေးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF) သတင်းနှင့်ပြန်ကြား​ရေးဌာနက ထုတ်ပြန်သည်။

ဒေါဥခူရပ်ကွက်တွင် ဧပြီ ၄ ရက်က မြေမြုပ်မိုင်းပေါက်ကွဲ့ခဲ့ခြင်းဖြစ် က​လေးနှစ်ဦးအနက် တစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟု KNDFက ထုတ်ပြန်သည်။

“ကလေးနှစ်ယောက်ထိသွားတယ်။ ဒီဒေသမှာ စစ်ကောင်စီက ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့် အရပ်သားတွေ အသက်အန္တရာယ်ရှိနေတယ်”ဟု ဟု KNDF သတင်းနှင့်ပြန်ကြား​ရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းဒီမော့ဆိုမြို့နယ် ထွီလွီးဘီလာနှင့်နှင့် ဖရူဆိုမြို့နယ် ကဒါးလာ ​ကျေးရွာအနီးတွင် တပ်အင်အားဖြည့်တင်းနေပြီး အရပ်သားများရှ်ိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထွီလွီးဘီလာကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ကျဆုံးသွားသော KNDFရဲဘော်၏ စျာပနကို ယနေ့ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။