Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်​ကော်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် ​မြေမြုပ်မိုင်း​ကြောင့် က​လေးနှစ်ဦးဒဏ်ရာရ

ထွီလွီးဘီလာကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

(ထွီလွီးဘီလာရွာ တိုက်ပွဲတွင် ကျဆုံးခဲ့​သော ပြည်သူ့ ရဲ​ဘော်ကို သဂြိုလ်​​ရန် ပြင်ဆင်နေစဥ်)

ကရင်နီပြည်နယ် လွိုင်​ကော်မြို့ ဒေါဥခူရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ​ထောင်ထားခဲ့​သော ​မြေမြုပ်မိုင်း​ပေါက်ခွဲပြီး က​လေးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF) သတင်းနှင့်ပြန်ကြား​ရေးဌာနက ထုတ်ပြန်သည်။

ဒေါဥခူရပ်ကွက်တွင် ဧပြီ ၄ ရက်က မြေမြုပ်မိုင်းပေါက်ကွဲ့ခဲ့ခြင်းဖြစ် က​လေးနှစ်ဦးအနက် တစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟု KNDFက ထုတ်ပြန်သည်။

“ကလေးနှစ်ယောက်ထိသွားတယ်။ ဒီဒေသမှာ စစ်ကောင်စီက ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့် အရပ်သားတွေ အသက်အန္တရာယ်ရှိနေတယ်”ဟု ဟု KNDF သတင်းနှင့်ပြန်ကြား​ရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းဒီမော့ဆိုမြို့နယ် ထွီလွီးဘီလာနှင့်နှင့် ဖရူဆိုမြို့နယ် ကဒါးလာ ​ကျေးရွာအနီးတွင် တပ်အင်အားဖြည့်တင်းနေပြီး အရပ်သားများရှ်ိရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထွီလွီးဘီလာကျေးရွာအနီး ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ကျဆုံးသွားသော KNDFရဲဘော်၏ စျာပနကို ယနေ့ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။