Connect with us

Hi, what are you looking for?

News

မကွေးတိုင်းဝန်ကြီးချုပ် PSOနှင့် ပွင့်ဖြူအမတ်ဟောင်း ဇနီး ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံရ

ဝန်ကြီးချုပ် PSO ဦးအောင်ဝင်းကို သဘာ၀ဘေးစီမံခန့်ခွဲမှုဆိုင်ရာ နှင့်ပတ်သက်သည့် ပုဒ်မဖြင့် မတရားအမှုဆင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ဦးထွန်းထွန်း၏ ဇနီး​ဒေါ်​ကေသီမိုးကိုမူ ခင်ပွန်းဖြစ်သူကို မတွေ့၍ ဇနီးကို ဖမ်းဆီးခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

(ဦးထွန်းထွန်း၏ဇနီး​ ဒေါ်​ကေသီမိုးအား ​တွေ့ရစဥ်)

ခင်ပွန်းဖြစ်သူမတွေ့၍ ဇနီးကို ဖမ်းဆီးထောင်ချခြင်းဖြစ်ဟုဆို

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ ကိုယ်ရေးအရာရှိ ဖြစ်သူနှင့် ပွင့်ဖြူအမတ်ဟောင်း ဦးထွန်းထွန်း၏ ဇနီးတို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ ထောင်ဒဏ် ၃နှစ်စီ ချမှတ်လိုက်ကြောင်း ဦးထွန်းထွန်းက ပြောကြားသည်။

ဝန်ကြီးချုပ် PSO ဦးအောင်ဝင်းကို သဘာ၀ဘေးစီမံခန့်ခွဲမှုဆိုင်ရာ နှင့်ပတ်သက်သည့် ပုဒ်မဖြင့် မတရားအမှုဆင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ဦးထွန်းထွန်း၏ ဇနီး​ဒေါ်​ကေသီမိုးကိုမူ ခင်ပွန်းဖြစ်သူကို မတွေ့၍ ဇနီးကို ဖမ်းဆီးခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

“ကျွန်တော့်ရဲ့ဇနီးကို ဒီကနေ့ အမိန့်ချလိုက်တာ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်။နောက်တစ်ခါ ဝန်ကြီးချုပ်ရဲ့ PSO ဦးအောင်ဝင်းကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်။ တကယ်တန်းပြောရရင် ဝန်ကြီးချုပ် PSO ကိုတပ်ထားတဲ့ ပုဒ်မက သူနဲ့မဆိုင်ဘူး။ ဝန်ကြီးချုပ် ခရီးစဉ်လမ်းကြောင်းမှာ PSOက ပါရမှာပဲလေ။ ပါတာကို သူ့ကို ရည်ရွယ်ချက်ရှိရှိ ထောင်ချချင်တော့ မတရားပုဒ်မတပ်ပြီး မတရားအမိန့်ချတာ”ဟု ဦးထွန်းထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းကို စစ်ကောင်စီက အကြိမ်ကြိမ်လာရောက်ဖမ်းဆီးခဲ့ရာ ၎င်းကိုမတွေ့၍ ဧပြီတွင် ဦးထွန်းထွန်း၏ ဇနီးဖြစ်သူကို
ဖမ်းကာ ပုဒ်မ ၅၀၅(က)ဖြင့် မတရားအမှုဆင်ခဲ့ပြီး မတရားအမိန့်ချခြင်းဖြစ်သည်ဟု ဆိုသည်။

“ ယောက်ျားမတွေ့တဲ့အတွက် အမျိုးသမီးကို သူတို့ ဖမ်းဆီးတယ်။ အိမ်ကို ချိတ်ပိတ်တယ်။ ယောကျ်ားအပေါ်ကျရောက်မှုတွေကို မိန်းမအပေါ် သက်ရောက်တယ်လို့ မြင်ပါတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ တကယ့်တကယ်က မသက်ဆိုင်ပါဘူး။သို့သော်လည်း စကစက သိတဲ့အတိုင်းပဲ မတရားပုဒ်မတွေ တပ်တယ်။ ယောက်ျားမမိရင်မိန်းမ၊ မိန်းမ မမိရင်သားသမီးတွေဖမ်းတယ် နောက်ဆုံး အဖေအမေတွေအထိဖမ်းတာတွေရှိပါတယ် ဒါတစ်နိုင်ငံလုံးအတိုင်းအတာမှာဖြစ်နေတာ”ဟု ဦးထွန်းထွန်းက ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်သူလူထုများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့ရာ စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၁၇၃၀ ထက်မနည်း ကျဆုံးခဲ့ရပြီး ပြည်သူ တစ်သောင်းကျော်ကို မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်သူလူထုများ၏ နေအိမ်များကိုမတရားသိမ်းဆည်းချိတ်ပိတ်မှုများလုပ်ဆောင်ခဲ့ရာ နေအိမ် အဆောက်အအုံ ၅၄၇ ခုထက်မနည်း ရှိခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။