Connect with us

Hi, what are you looking for?

News

ပဲခူး​ဒေသPDF ကတိုက်၍​ပေါင်းတည်နှင့်​ရေတာရှည်တွင် စစ်​ကောင်စီတပ် ၆ ဦး​သေ

အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

(ပဲခူး​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)

ပဲခူးတိုင်း ၊ပေါင်းတည် နှင့် ရေတာရှည်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံး ကြောင်း Bago Region PDF က ထုတ်ပြန် သည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာမှ လဲပင်ကျေးရွာသို့ ရိက္ခာလာရောက်ပို့ဆောင်သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ၈ ဦးပါ ဆိုင်ကယ် ​လေးစီးအား ယမန်နေ့ (ဧပြီ ၅)နေ့လည် ၂ နာရီခန့်က ပြည်ခရိုင် တပ်ရင်း ၃၆၀၁ တပ်ခွဲ ၁ က ငါးရှဉ့်ကွင်းကျေးရွာအနီးမှ ကြိုတင်စောင့် ဆိုင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု Bago Region PDF က အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့ (ဧပြီ ၆ ရက်) နံနက် ၆ နာရီ ၂၀ ခန့်တွင် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၃ နှင့် အကြမ်း ဖက်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ရိုးမပတ်လမ်းသို့ဝင်ရောက်လာ
သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၅၀ ပါစစ်ကြောင်းနှင့် မရိုးခုံကျေးရွာ မြောက်ဘက် စိန်တောင်လမ်းတွင် ထိတွေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Bago Region PDF က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုတစုံတရာ မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ