Connect with us

Hi, what are you looking for?

News

KIOနှင့် TNLAက ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များထုတ်ပြန်

KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးကလည်း မြစ်ကြီးနားခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ဇူလိုင် ၂၅ရက်မှ စ၍ မြို့၊ရွာများအတွင်း လူစုလူဝေး ပြုလုပ်သော အစီအစဉ်၊ လူစုလူဝေး ပြုလုပ်သော စီးပွားရေးလုပ်ငန်းများ၊ KTV၊ BAR၊ Fusal Club ၊ GYM၊ လောင်းကစားရုံ၊ စားသောက်ဆိုင်နှင့် အခြားဆိုင်မျိုးစုံတို့အား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်တအာင်းလက်နက် ကိုင်အဖွဲ့(TNLA)တို့က ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။
တအာင်းဒေသတွင်း၌ ဖြစ်ပွားနေသည့် ကပ်ရောဂါ တား ဆီးနိုင်ရန်အတွက် ကပ်ရောဂါအခြေအနေအား အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း TNLAက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရောဂါတားဆီးနိုင်ရန်အတွက် ဇူလိုင် ၂၄ရက်မှ ဩဂုတ် ၇ရက်အထိ ၁၄ရက်တာကာလကို Stay Home ကာလအဖြစ် သတ်မှတ်ကာ စည်းကမ်းချက်များကိုလည်း လိုက်နာရန် ထုတ်ပြန်ခဲ့သည်။

TNLA သတ်မှတ်လိုက်သည့် စည်းကမ်းချက်များမှာ ဒေသတစ်ခုမှ တစ်ခု၊ ကျေးရွာ တစ်ခုမှ တစ်ခု၊ ရပ်ကွက်တစ်ခုမှ တစ်ခုသို့ သွားလာခြင်းမပြုဘဲ နေအိမ်၌သာနေထိုင်ရန်၊ အရေးပေါ်လူနာ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်ကော်မတီ၏ ထောက်ခံချက်ရယူပြီး နီးစပ်ရာဆေးခန်း၊ ဆေးရုံ၌ သွားရောက်ကုသနိုင်ကြောင်း ပါရှိသည်။

ထို့ပြင် လိုအပ်ချက်အရ ကျန်းမာရေးဝန်ထမ်းများကို ကပ်ရောဂါ ကာကွယ်တားဆီးရေး စည်းမျဉ်းနှင့်အညီ သွားလာခွင့်ပြုသည်ဟုလည်းထုတ်ပြန်ထားပြီး စည်း မျဉ်းစည်းကမ်းများအား မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးကလည်း မြစ်ကြီးနားခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ဇူလိုင် ၂၅ရက်မှ စ၍ မြို့၊ရွာများအတွင်း လူစုလူဝေး ပြုလုပ်သော အစီအစဉ်၊ လူစုလူဝေး ပြုလုပ်သော စီးပွားရေးလုပ်ငန်းများ၊ KTV၊ BAR၊ Fusal Club ၊ GYM၊ လောင်းကစားရုံ၊ စားသောက်ဆိုင်နှင့် အခြားဆိုင်မျိုးစုံတို့အား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပိတ်ထားခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်ထားသော မည်သည့်ဆိုင်ကိုမဆို သက်ဆိုင်ရာ အုပ်ချုပ်ရေး ရုံးအဆင့်ဆင့်မှ ထိရောက်စွာ အရေးယူပိတ်ပင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။