Connect with us

Hi, what are you looking for?

News

မိဘများကိုရှာမတွေ့၍ အသက်(၄)နှစ်အရွယ်ကလေးငယ်ကို မူကြိုကျောင်းအတွင်း အဓမ္မဝင်ရောက်ဖမ်းဆီးမှု ကုလညီလာခံသို့ မြန်မာသံအမတ်ကြီးပြော

ယင်းဖြစ်ရပ်သည် အခြားသော ကလေးငယ်များ ရှေ့မှောက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့သော လူမဆန်ကြမ်းကြုတ်သည့် လုပ်ရပ်ကို မည်သူမျှ လက်မခံ သင့်ကြောင်းလည်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို ပြောသည်။

ဓာတ်ပုံ - ​ခေတ်သစ်မီဒီယာ

▪️စစ်တပ်၏ ရက်စက်တိုက်ခိုက်မှုများ လျော့နည်းသွားခြင်းမရှိဘဲ နိုင်ငံတကာက ချက်ချင်းအရေးယူရန်လိုအပ်နေဟု တိုက်တွန်း

မြန်မာပြည်သူများအပေါ် စစ်တပ်၏ ရက်စက်သည့်တိုက်ခိုက်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ နိုင်ငံ တကာအသိုက်အဝန်း၏ အချိန်မီချက်ချင်းအရေးယူဆောင်ရွက်ရန်လိုအပ်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ရုရှားကို ဆိုင်းငံ့ခြင်းဆိုင်ရာဆုံးဖြတ်ချက် အတွက် ဧပြီ ၇ ရက်တွင် အထွေထွေညီလာခံ၏ အထူးအရေးပေါ်အစည်းအဝေးကျင်းပရာ မြန်မာသံအမတ်ကြီးက မြန်မာ့အရေးကို ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မကြာသေးမီက အကြမ်းဖက်စစ်တပ်သည် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ မူကြိုကျောင်းသို့ အတင်း ဝင်ရောက်ကာ ကလေးများနှင့် ဆရာ/ဆရာမများကို ဒူးထောက်စေခဲ့ပြီးနောက် အသက်(၄)နှစ် အရွယ်ကလေးငယ် မောင်ဘုန်းသန့်ဝေယံအား ဖမ်းဆီးခဲ့ကြောင်း သံအမတ်ကြီးက ကုလအထွေထွေ ညီလာခံ၌ တင်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အသက် ၄ နှစ်အရွယ်ကလေး၏ မိဘများသည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် စစ်တပ်ဆန့်ကျင်ရေးတွင် ပါဝင်သူများအဖြစ် စစ်တပ်မှ ဖမ်းဝရမ်းထုတ်ထားသူများဖြစ်ပြီး မိဘများကို ရှာမတွေ့ ၍ အသက် ၄ နှစ် အရွယ်ကလေးကို ဓါးစာခံအဖြစ် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ယင်းဖြစ်ရပ်သည် အခြားသော ကလေးငယ်များ ရှေ့မှောက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့သော လူမဆန်ကြမ်းကြုတ်သည့် လုပ်ရပ်ကို မည်သူမျှ လက်မခံ သင့်ကြောင်းလည်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရမည်မဟုတ်သည်ကို သိရှိထား၍ ၎င်းတို့၏လုပ်ရပ်များကို ရပ်တန့်မည်မဟုတ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သည့် မည်သူမဆို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံးအပါအဝင် တရားစီရင်ရေးယန္တရားများအောက်တွင် တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက တိုက်တွန်းသည်။

ယင်းသို့ တာဝန်ခံမှုရှိရေး ကြိုးပမ်းမှုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထောက်ခံမှုပြုရန်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook