Connect with us

Hi, what are you looking for?

News

TNLAလက်ချက်ကြောင့် စစ်တပ်​ထောက်တိုင် ပန်းဆေးပြည်သူ့စစ် အထိနာ

“ပန်းဆေးပြည်သူ့စစ်အဖွဲ့က ကားနဲ့လာတာ။ နောင်အန်ရွာမှာကTNLA ရော MNDAA ရော ရှိတာ။ အဲဒီမှာ စစ်ဆေးရင်း ပစ်ခတ်မှု ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

(ဓာတ်ပုံတွင်ပါသည့် အကျီဗလာဖြင့်ထိုင်နေသူမှာ ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် မောင်မောင်ဖြစ်သည်။)

▪️လက်နက်အများအပြား TNLAရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ပန်း​ဆေးပြည်သူ့စစ်အဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ့စစ်ဘက်မှ တစ်ဦးသေ၊ ငါးဦးဒဏ်ရာရရှိပြီး နှစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

ယမန်နေ့(ဧပြီ ၇ရက်)နံနက်က နမ့်ခမ်းမြို့ နောင်အန်​​ကျေးရွာအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပန်းဆေးပြည်သူ့စစ်အဖွဲ့က ကားနဲ့လာတာ။ နောင်အန်ရွာမှာကTNLA ရော MNDAA ရော ရှိတာ။ အဲဒီမှာ စစ်ဆေးရင်း ပစ်ခတ်မှု ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပန်းဆေးပြည်သူ့စစ်ဘက်မှ တစ်ဦးသေဆုံးကာ ငါးဦးသည် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း၊ ဒဏ်ရာရသူများကို လမ်းပေါ်တွင် ထားခဲ့သော်လည်း ဦးမောင်မောင်ဟု လူသိများသည် ပြည်သူ့စစ်ခေါင်းဆောင်နှင့် အခြားအမျိုးသားတစ်ဦးကို TNLAက ဖမ်းဆီးသွားသည်ဟု ဖြစ်စဥ်ကို သိရှိထားသည့် အထက်ပါ ဒေသခံကပြောသည်။

” လက်နက်တွေလည်း ပါသွားတယ်။ RPG တွေရော။ သေနတ်တွေရော ပါသွားတယ်။ ပန်ဆေးပြည်သူ့စစ်အတွက်တော့ အရမ်းအထိနာတယ်”ဟု ဆိုသည်။

TNLA ပြောရေးဆိုခွင့်ရှ်ိသူအား ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှုဖြစ်စဥ် ဖြစ်ပွားခဲ့သော်လည်း အသေးစိတ်မသိရှိရသေးကြောင်း ဖြေကြားသည်။

ပန်းဆေးပြည်သူ့စစ်အဖွဲ့သည် စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းလည်းဖြစ်သည့် ပန်ဆေးကျော်မြင့် ဦးစီးသည့် ပြည်သူစစ်အဖွဲ့ဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ လက်အောက် ခံအဖွဲ့ ဖြစ်သည်။

မူဆယ်နှင့် နမ့်ခမ်းဒေသတွင် ပန်းဆေးပြည်သူ့စစ်၊ နမ့်ခမ်းပြည်သူ့စစ်အပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ငါးဖွဲ့ထက်မနည်း ရှိနေသည်။ ပြည်သူ့စစ်အဖွဲ့များသည် မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ပြီး ပြည်သူလူထုကို စစ်တပ်အလိုကျ အနိုင်ကျင့်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။