Connect with us

Hi, what are you looking for?

News

ဆားတောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ် ၂၀ကျော်သေဟုဆို

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ညောင်ငုပ်တိုရွာတွင် ပျူစောထီးများပါဝင် သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။

ဧပြီ ၆ရက် ညနေ ၄နာရီခန့်က ပျူစောထီး‌များပါဝင်သော စစ်ကောင်စီတပ်များ နှင့်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကူလာသည့်ယာဥ်ပါ မိုင်းမိခဲ့ရာ ပျူစောထီ ၁၂ဦးနှင့် စစ်ကောင်စီတပ်သား ၁၀ဦး စုစုပေါင်း ၂၂ဦးသေဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့ များက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် ဇင်ယော်နီအထူးပြောက်ကျားတပ်ဖွဲ့၊Pantagram (ငါးထောင့်ကြယ်)၊Ayadaw Falcom Force(AF2) ၊Special Operation Force Sagaing၊ ဖောင်းဒိုင်းဖောင်းဒိုင်း၊တပ်ရင်း (၁၈) နယ်စည်းမခြားတော်လှန်ရေး အင်အားစု ဝက်လက်မြို့၊ ၊မြင်းဖြူရှင် ပြောက်ကျားတပ်ဖွဲ့၊GZ ညီနောင်၊မြင်းမူ ဗိုလ်သံခဲ စသည့်အဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း အသိပေးထားသည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးနောက် ယမန်နေ့ (ဧပြီ ၇ ရက်)က စစ်ကောင်စီ တပ်သည် ညောင်ငုပ်တိုကျေးရွာနှင့်နယ်မြေချင်းထိဆက်နေသည့် ရွာနန်းကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြပြီး နေအိမ် ၂၀၀ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကာ သက်ကြီးရွယ်အိုတစ်ဦးနှင့် အမျိုးသားတစ်ဦးသတ်ဖြတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။