Connect with us

Hi, what are you looking for?

News

မတူပီ CDF ဖွဲ့စည်းပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ် နှင့်တိုက်ပွဲ​ပေါင်း ၆၀ကြိမ်တိုက်ခိုက်

စစ်အာဏာသိမ်းပြီးနော်က မတူပီမြို့တွင် ဖေဖော်ဝါရီ ၈ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများ နေ့စဉ်ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ရက်တွင် မတူပီမြို့လုံခြုံရေးအဖွဲ့(MST) ကို စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး CDF ရဲဘော် ၁၅ဦးကျဆုံးခဲ့ဟုဆို

မတူပီ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင် စီတပ်တို့ ၂၀၂၁ ဧပြီ ၁၀ရက် နောက်ပိုင်းတစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၆၀ကြိမ်ဖြစ်ပွားခဲ့သည်ဟု မတူပီ CDF၏ တစ်နှစ်ပြည့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း မတူပီ CDFမှ ရဲဘော် ၁၅ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၁ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးစွန့်လွှတ်ခဲ့သော အာဇာနည်ရဲဘော်များနှင့် ဒဏ်ရာရ သူရဲကောင်း ရဲဘော်များအားလုံးကို အစဉ်ထာ၀ရ လေးစားဂုဏ်ပြုပါကြောင်း သမိုင်းမှတ်တမ်းတင်အပ်သည်ဟု မတူပီ CDF ကဆိုသည်။

Public Service Announcement

Public Service Announcement

မတူပီ CDFထုတ်ပြန်ချက်၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို ဖော်ပြမထားပေ။ တိုက်ပွဲသတင်းဖော်ပြချက်များအရ ယခုနှစ် မတ် ၃၀ရက်မှ ဧပြီ ၇ရက်အတွင်း မတူပီသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်များနှင့် မတူပီ အခြေစိုက်တပ်များကို မတူပီ CDF က တိုက်ခိုက်ခဲ့ရာ ၉ရက်အတွင်း စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။ ယခင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။

မတူပီ CDF ရပ်တည်နိုင်ရေးအတွက် တက်နိုင်သည့်ဘက်မှပံ့ပိုးကူညီကြသော ပြည်သူအားလုံးကို လည်းကောင်း၊ ဆုတောင်းခြင်းဖြင့် ကူညီပေးကြသည့် ပြည်သူများကို လည်းကောင်း၊ မတူပီ CDF ရဲဘော်များအတွက် လိုအပ်သော စစ်ပညာရပ်များကို သင်ကြားပို့ချပေးခဲ့သည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် လိုအပ်သည့် အခန်းကဏ္ဍမှ ကူညီပေးကြသည့် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် CDF အားလုံးကို အလေးအနက် ကျေးဇူးတင်ကြောင်း မတူပီ CDF၏ တစ်နှစ်ပြည့်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာရှင်စနစ်ပျက်သုန်းသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း မတူပီ CDFက ကတိ သစ္စာပြုသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများ၊ တိုင်းတစ်ပါးရောက်မြန်မာနိုင်ငံသားများအနေဖြင့်လည်း ရောက်သည့်နေရာမှ တက်နိုင်သည့်ဘက်မှ အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ အားမလျော့ ဇွဲမလျှော့ဘဲ အင်တိုက်အားတိုက် ပါဝင်ပေးကြရန် အနူးအညွတ် တိုက်တွန်းလိုကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနော်က မတူပီမြို့တွင် ဖေဖော်ဝါရီ ၈ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများ နေ့စဉ်ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ရက်တွင် မတူပီမြို့လုံခြုံရေးအဖွဲ့(MST) ကို စတင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်မှုများ နိုင်ငံတစ်ဝှမ်း ရက်စက်စွာ ကျူးလွန်လာခဲ့ပြီးနောက် မတူပီ မြို့လုံခြုံရေး အဖွဲ့ အနေဖြင့် စစ်အာဏာရှင်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တွန်းလှန် ဆန့်ကျင်ရန် ဆုံးဖြတ်ကာ မတ်လ ၃၁ရက်တွင် မတူပီ တော်လှန်ရေး တပ်(MRF) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ချင်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးမှ သပိတ်ခေါင်းဆောင်များ၊ CDM ဦးဆောင်သူများ တက်ကြွလှုပ်ရှားသူများ နှင့် တော်လှန်ရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးနောက် စစ်အာဏာရှင်အမြစ်ပြတ် သည်အထိ တော်လှန်ချေမှုန်းရန် ဆုံးဖြတ်ကာ ဧပြီ ၁၀ရက်တွင် မတူပီ CDF အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။