Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှု​​ကြောင့် မြန်မာ့စီးပွား​​​​ရေး ၁၈ ရာခိုင်နှုန်းကျဆင်း

၂၀၂၀ ​​အောက်တိုဘာလကစပြီး ၂၀၂၁ စက်တင်ဘာလကုန်မှာကုန်ဆုံးမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။ ဘဏ္ဍာနှစ် တစ်နှစ်ထဲ GDP ၁၈ ရာခိုင်နှုန်းကျဆင်းတာက မြန်မာသမိုင်းတစ်​လျှောက်အဆိုးရွားဆုံး နှုန်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်ခြင်း​ကြောင့် ၂၀၂၀-၂၁ဘဏ္ဍာနှစ်မြန်မာ့စီးပွားရေးကို ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ကမ္ဘာဘဏ်က မြန်မာ့စီးပွားရေးလေ့လာမူအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

၂၀၂၀ ​​အောက်တိုဘာလကစပြီး ၂၀၂၁ စက်တင်ဘာလကုန်မှာကုန်ဆုံးမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။ ဘဏ္ဍာနှစ် တစ်နှစ်ထဲ GDP ၁၈ ရာခိုင်နှုန်းကျဆင်းတာက မြန်မာသမိုင်းတစ်​လျှောက်အဆိုးရွားဆုံး နှုန်းဖြစ်ပါတယ်။

ဒီစီးပွားရေးကျဆင်းမူက ၂၀၂၀ကို အခြေခံတွက်ချက်ရခြင်းသာပြီး စစ်အာဏာသိမ်းမူနဲ့ ကိုဗစ်လှိုင်းမရှိခင် အခြေအနေများဖြင့် နှိုင်းယှဉ်ပါက အမှန်တကယ် ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့လည် းကမ္ဘာ့ဘဏ်ကဆိုပါတယ်။

အာဏာသိမ်းမူကြောင့် ငါးလအတွင်းအလုပ်အကိုင်တစ်သန်း ဆုံးရှုံးပြီး ဆင်းရဲနွမ်းမူကလည်း ၂၀၁၉နဲ့နှိုင်းယှဉ်ရင် ၂၀၂၂နှစ်အစောပိုင်းမှာ နှစ်ဆရှိလာမယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။ဘဏ်တွေဖွင့်လှစ်ရန် ဗဟိုဘဏ်က နည်းလမ်းပေါင်းစုံသုံးနေပေ့မယ့် လည်ပတ်မူမရှိသေးဘူးလို့လည်း ဗဟိုဘဏ်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အာဏာသိမ်းခဲ့တဲ့ ၅ လကျော်အတွင်း ကျပ်ငွေတန်ဖိုးက ဒေါ်လာဈေးနဲ့နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လိုလည်း ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။