စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ၂၀၂၀-၂၁ဘဏ္ဍာနှစ်မြန်မာ့စီးပွားရေးကို ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ကမ္ဘာဘဏ်က မြန်မာ့စီးပွားရေးလေ့လာမူအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
၂၀၂၀ အောက်တိုဘာလကစပြီး ၂၀၂၁ စက်တင်ဘာလကုန်မှာကုန်ဆုံးမယ့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ကမ္ဘာဘဏ်က ခန့်မှန်းတွက်ချက်ထားတာဖြစ်ပါတယ်။ ဘဏ္ဍာနှစ် တစ်နှစ်ထဲ GDP ၁၈ ရာခိုင်နှုန်းကျဆင်းတာက မြန်မာသမိုင်းတစ်လျှောက်အဆိုးရွားဆုံး နှုန်းဖြစ်ပါတယ်။
ဒီစီးပွားရေးကျဆင်းမူက ၂၀၂၀ကို အခြေခံတွက်ချက်ရခြင်းသာပြီး စစ်အာဏာသိမ်းမူနဲ့ ကိုဗစ်လှိုင်းမရှိခင် အခြေအနေများဖြင့် နှိုင်းယှဉ်ပါက အမှန်တကယ် ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့လည် းကမ္ဘာ့ဘဏ်ကဆိုပါတယ်။
အာဏာသိမ်းမူကြောင့် ငါးလအတွင်းအလုပ်အကိုင်တစ်သန်း ဆုံးရှုံးပြီး ဆင်းရဲနွမ်းမူကလည်း ၂၀၁၉နဲ့နှိုင်းယှဉ်ရင် ၂၀၂၂နှစ်အစောပိုင်းမှာ နှစ်ဆရှိလာမယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။ဘဏ်တွေဖွင့်လှစ်ရန် ဗဟိုဘဏ်က နည်းလမ်းပေါင်းစုံသုံးနေပေ့မယ့် လည်ပတ်မူမရှိသေးဘူးလို့လည်း ဗဟိုဘဏ်ကဆိုပါတယ်။
နောက်ပြီး အာဏာသိမ်းခဲ့တဲ့ ၅ လကျော်အတွင်း ကျပ်ငွေတန်ဖိုးက ဒေါ်လာဈေးနဲ့နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လိုလည်း ဆိုထားပါတယ်။