Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့နယ်တွင် တစ်ရက်တည်းနှစ်ကြိမ်တိုက်ပွဲဖြစ်ရာ ပျူခေါင်းဆောင်၏ သားနှင့် စစ်ကောင်စီတပ်သားအချို့သေဟု PDF ပြော

“ကင်မွန်းတော်ရွာက ပျူစောထီးကြီးစိုးတဲ့ ပျူရွာတစ်ရွာပါ။ ရွာထဲမှာတော့ ပျူတွေပဲ ကျန်ခဲ့တော့တာပါ။ သေတဲ့သူကည်း ပျူခေါင်းဆောင်ရဲ့သား ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ပါ”ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(CHU PDF) သတင်းတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်၏သားနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CHU PDF)က အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက် နံနက် ၇နာရီခန့်က ကင်မွန်းတော် ပျူစောထီးရွာမှ သောင်းကျန်းသူ များသည် လက်နက်များကိုင်ဆောင်၍ ၎င်းတို့ရွာအတွင်းမှ ရွာပြင်သို့ထွက်ခွာလာရာ ချောင်းဦး PDF ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကင်မွန်းတော်ရွာမှ သောင်းကျန်းသူ ပျူစောထီးခေါင်းဆောင် ငဝင်း၏သားဖြစ်သူ သေဆုံးခဲ့ကြောင်း ကြားသိရပြီး အခြားထိခိုက် သေဆုံးမှု အခြေအနေ မသိရသေးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHU PDF) က ထုတ်ပြန်သည်။

ယင်းနေ့ ညနေ ၃ နာရီ ၂ဝမိနစ်ခန့်ကလည်း စစ်ကောင်စီလက်နက်ကိုင်များ စီးနင်းလိုက်ပါလာပြီး ခင်မွန်ရွာဘက်မှ ရွှေဒါးကျ ချောင်းဆုံရွာများဘက်သို့ မောင်းနှင်လာသော မော်တော်ကားတစ်စီးကို ချောင်းဦး PDF ရဲဘော်များက လမ်းခုလတ်တစ်နေရာမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားထိုးရပ်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များ ကားပေါ်မှဆင်း၍ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် လမ်းပေါ်ဖြတ်သန်းသွားလာနေသော ကားတစ်စီးကို အတင်းအကျပ်ခြိမ်း​ခြောက်၍ သေဆုံးဒဏ်ရာရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကားပေါ်တင်ကာ ခင်မွန်ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေး သွားကြကြောင်း ချောင်းဦးPDFက အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုများတွင် ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ကင်မွန်းတော်ရွာက ပျူစောထီးကြီးစိုးတဲ့ ပျူရွာတစ်ရွာပါ။ ရွာထဲမှာတော့ ပျူတွေပဲ ကျန်ခဲ့တော့တာပါ။ သေတဲ့သူကည်း ပျူခေါင်းဆောင်ရဲ့သား ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ပါ”ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(CHU PDF) သတင်းတာဝန်ခံက ပြောသည်။

ဧပြီ ၈ ရက် ညနေ ၅ နာရီအချိန်ခန့်ကလည်း ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ကျေးရွာမှ စစ်ကောင်စီတပ်များရှိရာသို့ (၄ဝ) မမ ၃ ချက်၊ ၉ လုံးကျည် ရှောက်ဂန်း ၅ ချက်ဖြင့် မျှားခေါ်ခဲ့ရာ စစ်ကောင်စီတပ်များ တက်လာခဲ့ပြီး မိုင်းကွင်းသို့ ဝင်ရောက်လာသောအခါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး ၎င်းတို့ဘက်မှ RBG နှစ်ချက်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ စစ်ဆင်ရေးအား ပူးပေါင်းဆောင်ရွက် ခဲ့သည့် Myaung Fighter Defense Force၊ MGN 35 ပြောက်ကျားတပ်၊ Chaung U Local Defence Force နှင့် The Value Of Young Men အဖွဲ့များမှ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။