Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းအပါအဝင် မြင်းမူမြို့နယ်ရှိ လမ်းပိုင်းများအား ဖြတ်သန်းသွား လာခြင်းမပြုရန် GTR-MMUအဖွဲ့သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအပါအဝင် မြင်းမူမြို့နယ်အတွင်း လမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်းမပြုရန် မြင်းမူနယ်အခြေစိုက် GTR-MMU အဖွဲ့က သတိ​ပေးကြေညာသည်။

(မုံရွာ-မန္တလေးကားလမ်းတွင် တိုက်ပွဲဖြစ်၍ ခရီးသွား ကားများရပ်၍​စောင့်​ပေးခဲ့ကြစဥ်)

ယနေ့(ဧပြီ ၁၁ရက်)နံနက်ပိုင်းတွင် GTR-MMU အဖွဲ့က အရေးပေါ်သတိပေး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ မုံရွာ – မြင်းမူ – မန္တလေး လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိ လမ်းပိုင်းများ၊ မြို့နယ်ချင်းဆက်လမ်းပိုင်းများအား ယခုအချိန်မှ စတင်ပြီးလုံးဝ(လုံးဝ) အသုံးပြုခြင်း မပြုကြရန် ပြည်သူလူထုအား အသိပေးအကြောင်းကြားကြောင်း၊ သတိပေးချက်ကို လိုက်နာပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်း အသိပေးထားသည်။

Public Service Announcement

လမ်းပိုင်းခေတ္တပိတ်သိမ်းရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ GTR-MMU အဖွဲ့ထံ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက် ခံရလေ့ရှိပြီး ဧပြီ ၇ ရက် နံနက် ၂နာရီခွဲခန့်ကလည်း မန္တလေးဘက်မှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီလက်နက်ကိုင်များ လိုက်လာပါသည့် Express ကားနှစ်စီး၊ ကားအသေး လေးစီးကို ချောင်းဦး PDF နှင့် မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ် တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးထိခဲ့ကာ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်း PDFများက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။